ရေးမြို့နယ်အတွင်း ချောင်းများ၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
ရေး စက်တင်ဘာ ၂၈
မွန်ပြည်နယ် ရေးမြို့နယ်အတွင်း မိုးရွာသွန်းမှုများပါက
ရပ်ကွက်များအလိုက် ရေကြီး၊ ရေလျှံမှုမှ ကာကွယ်နိုင်ရန်အတွက် ချောင်းများ၊ ရေမြောင်းများအတွင်း
ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ယနေ့မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ပေးမှုကို နယ်မြေခံတပ်နယ်မှ
ဗိုလ်မှူးကြီး ထွန်းထွန်းဝင်း၊ ရေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ခရိုင်အုပ်ချုပ်ရေးမှူး သူရဦးရန်နိုင်ဦးနှင့် တာဝန်ရှိသူများသည် တပ်ရင်းတပ်ဖွဲ့များမှ
တပ်မတော်သားများ၊ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊
ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့
ဝန်ထမ်းများနှင့် ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များက စုပေါင်းအားဖြင့် ရပ်ကွက်အလိုက်
ချောင်းများ၊ ရေမြောင်းများအတွင်း ရေစီးရေလာကောင်းမွန်ရေး၊ ရေကြီးနစ်မြုပ်မှုကြောင့်
ရေမြောင်းများ ပိတ်ဆို့မှုမဖြစ်ပေါ်စေရေးအတွက် အမှိုက်သရိုက်များ ဆယ်ယူခြင်း၊ ချုံနွယ်ပေါင်းမြက်များ
ရှင်းလင်းခြင်းနှင့် ရေမြောင်းများတူးဖော်ခြင်းတို့ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုပြီး
လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။
ရှင်းသန့်ဖြူ

No comments