ရေးမြို့နယ်၌ ပထမအကြိမ် ပဋ္ဌာန်းဒေသနာတော်နှင့် စတုတ္ထအကြိမ် ဓမ္မစကြာတရားတော် ရွတ်ဖတ်ပူဇော်ပြိုင်ပွဲ ကျင်းပ

 


ရေး စက်တင်ဘာ ၂၂

 

မွန်ပြည်နယ် ရေးမြို့နယ် အမှတ်(၃)အခြေခံပညာအလယ်တန်း ကျောင်းကောင်စီအမှုဆောင်အဖွဲ့က ကြီးမှူးကျင်းပသော ပထမအကြိမ် ပဋ္ဌာန်းဒေသနာတော်နှင့် စတုတ္ထအကြိမ် ဓမ္မစကြာတရားတော် ရွတ်ဖတ်ပူဇော်ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကြီးအောင်ရပ်ကွက် ရွှေဆံတော်ဘုရားဓမ္မာရုံ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရေးမြို့‌နယ် မရမ်းကျောင်းတိုက်မှ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ပညာ ဇောတက ပဋ္ဌာန်းဒေသနာတော်နှင့် ဓမ္မစကြာတရားတော်ရွတ်ဖတ် ပူဇော်ပြိုင်ပွဲကျင်းပခြင်းအားဖြင့် ယဉ်ကျေးလိမ္မာသော သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်လာမည်ဖြစ်ကြောင်းနှင့် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို ငယ်စဉ်ကပင်သိရှိပြီး ဗုဒ္ဓတရားတော်နှင့်အညီ လိုက်နာနေထိုင်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာမည်ကြောင်း ဆုံးမဩဝါဒကထာ ချီးမြှင့်ပေးသည်။

 

ထို့နောက် ဝတ်ရွတ်အသင်းငါးသင်းက ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်းကို ကျောင်းသား ၁၁၀ နှင့် ဓမ္မစကြာတရားတော် ရွတ်ဖတ်ပူဇော်ခြင်းကို ကျောင်းသူ ၁၁၀ တို့က စက်တင်ဘာ ၂၃ ရက် အထိ အသင်းလိုက်ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲဆုရရှိသူများအား ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ကြီးများက ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှင်းသန့်ဖြူ

No comments

Powered by Blogger.