ဆမ်ဆောင်းက ဂျပန်၌ ဆီမီးကွန်ဒတ်တာ သုတေသနဗဟိုဌာနသစ် ဖွင့်လှစ်

 

ဆိုးလ်  စက်တင်ဘာ 

တောင်ကိုရီးယားနိုင်ငံ၏ ဆမ်ဆောင်း   အီလက်ထရွန်နစ်ကုမ္ပဏီသည် ဂျပန်နိုင်ငံ တိုကျိုမြို့အနီးတွင် ဆီမီးကွန်ဒတ်တာ ဗဟိုဌာနသစ်တစ်ခုကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ အဆိုပါစက်ရုံသည် ဂျပန်ကုမ္ပဏီများနှင့်ပူးပေါင်း၍ အဆင့်မြင့်ချစ်ပ်ပြားများ  တီထွင်ထုတ်လုပ်နိုင်ရေးအတွက် သုတေသနနှင့်  ဖွံ့ဖြိုးရေးလုပ်ငန်းများကို  အဓိကထားလုပ်ဆောင်သွားမည်ဖြစ်သည်။

ယိုကိုဟားမားမြို့တွင်ရှိသည့် အဆိုပါစက်ရုံ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၉ ခုနှစ်အထိ ယန်း ဘီလီယံ ၄၀ (အမေရိကန်ဒေါ်လာ သန်း ၂၆၀  ခန့်)အထိ ရောက်ရှိနိုင်ကြောင်းနှင့်   ဂျပန်အစိုးရက ယန်း ဘီလီယံ ၂၀ အထိ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆမ်ဆောင်းဒုတိယဥက္ကဋ္ဌ ဂျန်ယောင်ဟွန်းက အဆိုပါစက်ရုံသစ်သည် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အကြား  အနာဂတ်ကို ရှေးရှုသောဆက်ဆံရေးတည်ဆောက်ရန် အထောက်အကူပြုမည်ဖြစ်ပြီး ဆီမီးကွန်ဒတ်တာနည်းပညာနယ်ပယ်တွင်  အနာဂတ်အသစ်တစ်ခုကို ဖွင့်လှစ်ပေးလိမ့်မည်ဟု ပြောကြားသည်။

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.