၂၀၂၆ အာရှအားကစားပြိုင်ပွဲသို့ ကမ္ဘောဒီးယားနိုင်ငံမှ အဖွဲ့ဝင် ၁၀၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်
စက်တင်ဘာ ၁၅
ဂျပန်နိုင်ငံ အိုင်ချီ-နာဂိုယာမြို့တွင် ကျင်းပမည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း ၁၄ မျိုးယှဉ်ပြိုင်ရန် အဖွဲ့ဝင် ၁၀၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို ကမ္ဘောဒီးယားနိုင်ငံမှ စေလွှတ်မည်ဖြစ်ကြောင်း ထိုနိုင်ငံ၏ အိုလံပစ်အကြီးအကဲက ယမန်နေ့ကပြောကြားခဲ့သည်။
အမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ အကြီးတန်းဝန်ကြီး သွန်ခွန်က ကမ္ဘောဒီးယားအားကစားသမားများသည် ရေကူး၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဂျူဂျစ်ဆု၊ ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ထရိုင်သလွန်၊ နပန်း၊ အီလက်ထရွန်းနစ်အားကစား၊ တက်ဘော၊ ရောနှောကိုယ်ခံပညာ၊ ရွက်လှေစီးခြင်းနှင့် ဆော့ဖ်တင်းနစ်တို့တွင် ယှဉ်ပြိုင်ကြမည်ဟု ပြောကြားခဲ့သည်။
အဆိုပါအားကစားနည်း ၁၄ မျိုးအနက် ဂျူဂျစ်ဆု၊ တိုက်ကွမ်ဒို၊ ထရိုင်သလွန်၊ ကရာတေး၊ ရောနှောကိုယ်ခံပညာနှင့် အီလက်ထရွန်းနစ်တို့သည် ဆုတံဆိပ်ရရှိရန် အလားအလာ အကောင်းဆုံးဖြစ်သော အားကစားနည်းခြောက်မျိုးဖြစ်သည်ဟု ၎င်းကဆိုသည်။
ဂျပန်နိုင်ငံသို့ မထွက်ခွာမီ ငြိမ်းချမ်းရေးနန်းတော် တွင် ဒုတိယဝန်ကြီးချုပ် နက်ဆာဗွန်နှင့် ပြုလုပ်သည့် နှုတ်ဆက်တွေ့ဆုံပွဲ၌ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်စဉ် ၎င်းကထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာလ ၁၉ ရက်မှ အောက်တိုဘာလ ၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အားကစားသမား ၁၀၀၀၀ ကျော်သည် အားကစားနည်း ၄၃ မျိုးမှ ပြိုင်ပွဲ ၄၆၉ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မျှော်မှန်းထားသည်။
ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပခဲ့သည့် ၂၀၂၃ အာရှအားကစားပြိုင်ပွဲ၌ ရရှိခဲ့သော ရလဒ်ထက် ပိုမိုကောင်းမွန်အောင် စွမ်းဆောင်ရန် ရည်မှန်းထားသည်။ ထိုကရာတေး အမျိုးသမီးအသင်း ကာတာပြိုင်ပွဲ၌ ကမ္ဘောဒီးယားက ကြေးတံဆိပ်တစ်ခု ရရှိခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments