ရေကြည်မြို့နယ်၌ ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်များ လှူဒါန်း

 


ရေကြည် စက်တင်ဘာ ၈

 

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ပြီး ရေဘေးသင့်ခဲ့ရသည့် ရေကြည်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည့် ဒေသများအနက် အင်းလျှာကုန်းကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက‌ ကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။

 

ထောက်ပံ့လှူဒါန်းရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လှူဒါန်းသည့် စားသောက်ကုန်ပစ္စည်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျုံပျော်ခရိုင်ဦးစီးမှူး ဒေါ်ခင်မာစန်းနှင့် ရေကြည်မြို့နယ် လဝကဦးစီးမှူးနှင့် တာဝန်ရှိသူများက အင်းလျှာကုန်းကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ ခေါက်ဆွဲခြောက် ဖာများ၊ ရေသန့်ကတ်များ၊ Royal-D ကတ်များ၊ ကော်ဖီမစ်ထုပ်များကို ကျေးရွာရှိ အိမ်ထောင်စု ၁၀၂ စု၊ လူဦးရေ ၃၁၈ ဦးတို့အတွက် လက်ဝယ်အရောက် သွား‌ရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။  

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.