ထိုင်းနိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှု သြဂုတ်လတွင် ၁၀ ဒသမ ၉၃ ရာခိုင်နှုန်း မြင့်တက်လာ



စက်တင်ဘာ ၂၉

ထိုင်းနိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုသည် သြဂုတ်လတွင် မြင့်တက်လာခဲ့ပြီး အဓိကအားဖြင့် လျှပ်စစ်ကားများ (EV) နှင့် ပြည်ပသို့တင်ပို့ရန်ရည်ရွယ်သည့်ပစ်ကပ်ထရပ်ကားများ ထုတ်လုပ်မှု မြင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) မှ ယမန်နေ့က ပြသခဲ့သော အချက်အလက်များအရ သိရသည်။

မော်တော်ကားထုတ်လုပ်သူများသည် ပြီးခဲ့သည့်လက ထိုင်းနိုင်ငံတွင် ကား ၁၂၄၆၄၆ စီး ထုတ်လုပ်ခဲ့ပြီး ယခင်နှစ်ကထက် ၁၀ ဒသမ ၉၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ထိုမြင့်တက်မှုသညည် ဇူလိုင်လ၏ ၆ ဒသမ ၁၂ ရာခိုင်နှုန်း တိုးတက်မှုထက်လည်းပိုမိုမြန်ဆန်လာခဲ့သည်။ အဆိုပါတိုးတက်မှုသည် ဘက်ထရီ EV ခရီးသည်တင်ကား ထုတ်လုပ်မှုနှင့် ပြည်ပသို့တင်ပို့ရန်ရည်ရွယ်သည့် ပစ်ကပ်ထရပ်ကားများ သိသိသာသာ တိုးတက်လာခြင်းကြောင့်ဖြစ်ပြီး  ခရီးသည်တင်ကား ထုတ်လုပ်မှု ၂၀ ဒသမ ၅၁ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း စက်မှုလုပ်ငန်းအဖွဲ့ချုပ်ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ်၏ ပထမရှစ်လအတွင်း မော်တော်ကားထုတ်လုပ်မှုသည် ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၁ ဒသမ ၂၇ ရာခိုင်နှုန်း မြင့်တက်လာပြီး  အစီးရေ ၉၅၉၇၁၁ ရှိခဲ့သော်လည်း လောင်စာဆီသုံး ခရီးသည်တင်ကားများ ထုတ်လုပ်မှု နည်းပါးခြင်းကြောင့် ၃၂ ဒသမ ၆၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ထိုအဖွဲ့ချုပ်မော်တော်ကားလုပ်ငန်းကလပ်၏ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpattanapong က ပြောကြားခဲ့သည်။

ပြည်တွင်းကားအရောင်းသည် သြဂုတ်လတွင် ယခင်နှစ်ကထက် ၂၅ ဒသမ ၅၉ ရာခိုင်နှုန်း မြင့်တက်လာပြီး ၅၉၈၀၉ စီးအထိ ရှိလာကာ ခရီးသည်တင်ဘက်ထရီ EV များ တင်ပို့မှု မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း Surapong က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင်ပါ ခရီးသည်တင်ကားများရောင်းအား ၁၇ ဒသမ ၀၄ ရာခိုင်နှုန်း ကျဆင်းပြီး စုစုပေါင်းကာရောင်းအား၏ ၁၃ ဒသမ ၃၃ ရာခိုင်နှုန်း ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံ၏ အပြီးသတ်ကားပြည်ပတင်ပို့မှုသည် သြဂုတ်လတွင် ယခင်နှစ်ကထက် ၂ ဒသမ ၀၄ ရာခိုင်နှုန်း ကျဆင်းပြီး  ကားအစီရေ ၆၉၇၂၄ စီးသာ ရှိတော့ပြီးလက်ရှိဖြစ်ပွားနေသောပထဝီနိုင်ငံရေး ပဋိပက္ခမျာကြောင့် အရှေ့အလယ်ပိုင်းသို့ ကားတင်ပို့မှု ၄၀ ဒသမ ၂၄ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ၎င်းကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.