နီပေါနိုင်ငံ၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သေဆုံးသူ ၂၁ ဦးရှိလာ



စက်တင်ဘာ ၂၈

နီပေါနိုင်ငံတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူ ၂၁ ဦး သေဆုံးပြီး ငါးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် Balendra Shah က ယမန်နေ့က ပြောကြားခဲ့သည်။

အမျိုးသားဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့၏ ကြေညာချက်တွင် မိသားစု ၇၄၇ စု ထိခိုက်ခဲ့ပြီး အိမ်ခြေ ၁၄၃ လုံး ပျက်စီးခဲ့ပြီး အခြား ၅၁ လုံးသည် ယမန်နေ့ ညနေပိုင်းအထိ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ဆိုးရွားသောရာသီဥတုကြောင့် နိုင်ငံ၏ ဒေသအတော်များများတွင် သယ်ယူပို့ဆောင်ရေးကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် လမ်းပေါင်း ဆယ်ဂဏန်းကျော် ထိခိုက်ခဲ့ရသည်ဟု Shah က ပြောကြားခဲ့သည်။

ရေကြီးရေလျှံမှုကြောင့် ဓာတ်အားလိုင်းတိုင်များ လဲပြိုကျပြီးနောက် မဂ္ဂါဝပ် ၃၁၈ ရှိသော ရေအားလျှပ်စစ်စီမံကိန်းများကိုလည်း ရပ်ဆိုင်းထားရသည်ဟု ၎င်းက ဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.