တရုတ် ရှန်ကျို့-၁၃ အာကာသယာဉ်မှူးများ အာကာသအတွင်းမှ တရုတ်လမုန့်ပွဲတော်အတွက် ဆုတောင်းစကား များပေးပို့
ပေကျင်း စက်တင်ဘာ ၂၇
တရုတ်ရှန်ကျို့
- ၁၃ အာကာသယာဉ်မှ ယာဉ်မှူးများသည် တရုတ်လမုန့်ပွဲတော်အတွက် ဆုတောင်းစကားများအား
အာကာသအတွင်းမှ ပေးပို့ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ လမုန့်ပွဲတော်အတွက်
ဆုတောင်းစကားပေးပို့ခြင်းသည် လေးကြိမ်မြောက်ပေးပို့ခြင်းဖြစ်သည်။ ကမ္ဘာမြေနှင့် ကွာဝေးသည့်နေရာသို့
ရောက်ရှိနေသော်လည်း မိမိတို့၏ နှလုံးသားရင်ခုန်သံစည်းချက်များမှာ အမိမြေနှင့် တစ်သား
တည်းရှိနေပြီး နိုင်ငံသားများနှင့် နီးကပ်စွာတည်ရှိနေကြောင်း အာကာသယာဉ်မှူး ခေါင်းဆောင် ဇူယန်ဇူက ပြောကြားသည်။ မိမိအတွက် ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် အာကာသခရီးဖြစ်ပြီး အာကာသထဲတွင် ဒုတိယအကြိမ်မြောက်
လမုန့်ပွဲတော်ကို ဆင်နွှဲခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ချစ်ခင်ရသည့် မိသားစုဝင်များအနေဖြင့်
ကောင်းကင်ရှိကြယ်များထဲတွင် အတောက်ပဆုံးကြယ်တစ်လုံးကို တွေ့ရှိပါက ၎င်းကြယ်သည် မိမိတို့၏ တိုင်ဂွန်အာကာသစခန်းပင်ဖြစ်ပြီး
ကမ္ဘာမြေပေါ်ရှိ မိသားစုများအား မိမိက သတိရလျက်ရှိကြောင်း အခြားအာကာသယာဉ်မှူးတစ်ဦးဖြစ်သည့်
ဇန်ဇီယန်က ပြောကြားသည်။
ယခုအချိန်သည် တရုတ်လမုန့်ပွဲတော်
အချိန်အခါဖြစ်ပြီး အာကာသယာဉ်ပြတင်းပေါက်မှနေ၍ မိမိလွမ်းဆွတ်မိသည်မှာ တရုတ်နိုင်ငံတစ်ဝန်းရှိ အိမ်များတွင်
မီးများထွန်းညှိထားခြင်းနှင့် ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လပြည့်ဝန်းကြီးထိန်ထိန်သာနေခြင်းကိုဖြစ်ကြောင်း
တရုတ်ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အမျိုးသမီး အာကာသယာဉ်မှူး လီဂျာယင်းက ပြောကြားသည်။
ရှန်ကျို့-၁၃ အာကာသယာဉ်သည် အာကာသယာဉ်မှူး သုံးဦးလိုက်ပါ၍ ယခုနှစ် မေ ၂၄ ရက်တွင် အာကာသထဲသို့
လွှတ်တင်ခဲ့ပြီး ၎င်းအာကာသယာဉ်မှူး သုံးဦးသည် မေ ၂၅ ရက်တွင် တိုင်ဂွန်အာကာသစခန်းသို့
ဝင်ရောက်ခဲ့၍ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။
ဆင်ဟွာ

No comments