အုတ်တွင်းမြို့နယ်၌ ဆောင်းသီးနှံဆီထွက်ပဲပုပ်မျိုးစေ့ ပေးအပ်

 


အုတ်တွင်း စက်တင်ဘာ ၃၀

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများအား ဆောင်းသီးနှံဆီထွက် ပဲပုပ်ရေဆင်း (၁၅) မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ပြုလုပ်သည်။

 

အခမ်းအနားတွင် တောင်ငူခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းကိုက ဆောင်းဆီထွက်သီးနှံ ပဲပုပ်စိုက်ပျိုးနည်း စနစ်များကို နည်းပညာပေး ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးက ဆီထွက်သီးနှံပဲပုပ် ရေဆင်း(၁၅) စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ဆီထွက်သီးနှံ ပဲပုပ်စိုက်ပျိုးမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆောင်းဆီထွက်သီးနှံပဲပုပ် ရေဆင်း (၁၅) မျိုးစေ့များကို ဒေသခံတောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)

No comments

Powered by Blogger.