ငါးသိုင်းချောင်းမြို့၌ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

 


ငါးသိုင်းချောင်း စက်တင်ဘာ ၂၂

 

ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့တွင် ယနေ့နံနက်ပိုင်းက သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိရာ မြို့အုပ်ချုပ်ရေးမှူး၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး၊ ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့်ရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းစျေး တစ်ပိဿာလျှင် ၈၀၁၇ ကျပ်နှုန်းဖြင့် အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ငါးသိုင်းချောင်းမြို့အတွင်း စားအုန်းဆီ လက်ကားကိုယ်စားလှယ် တစ်ဦးက စားအုန်းဆီ ဝယ်ယူခွင့် စာအုပ်ဖြင့် တစ်လလျှင် ဆီတစ်ပိဿာ ငါးဆယ်ကျပ်သားကို သတ်မှတ်ရည်ညွှန်းစျေးအတိုင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.