ပေါင်မြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးနှိုးဆော်

 


ပေါင် စက်တင်ဘာ ၂၈

 

မွန်ပြည်နယ် ပေါင်မြို့နယ်၌ ပြည်သူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရန်အတွက် “အားကောင်းသော လေဖိအားနည်းရပ်ဝန်း အခြေအနေသတင်း” အား လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပင်လယ်ကမ်းစပ်ဒေသ ကျေးရွာအုပ်စုများဖြစ်သည့် အလှပ်ကျေးရွာအုပ်စုနှင့် ဝဲပတန်ကျေးရွာအုပ်စုတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ အသိပေးနှိုးဆော်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်းတို့ ဖြစ်ပေါ်လာပါက ကြိုတင်သတိပြုကာကွယ်နိုင်စေရန်နှင့် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ လျှော့ချနိုင်စေရန် အများပြည်သူများအနေဖြင့် မုန်တိုင်းနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်သင့်သည့်လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သတိပြုရှောင်ရှားသင့်သည့် အပြုအမူများကို သိရှိစေရန်နှင့် နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပြန် ကြေညာသော မုန်တိုင်းဘေးအန္တရာယ်သတင်းများကို စဉ်ဆက်မပြတ် နားထောင်ကြရန်၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်ရေး အသိပညာပေးချက်များအား ပြည်သူများမှ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)

No comments

Powered by Blogger.