Bombardier လေယာဉ်များ အမေရိကန်ဈေးကွက်အတွင်း ရောင်းချခွင့်ပိတ်ပင်မည်ဟု အမေရိကန်သမ္မတ ပြောကြား
ဝါရှင်တန် စက်တင်ဘာ ၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်နှင့်ကနေဒါအကြား
ကုန်သွယ်ရေးတင်းမာမှု ပိုမိုမြင့်တက်လာနေချိန်တွင် ကနေဒါနိုင်ငံအပေါ် ထပ်မံဝေဖန်တိုက်ခိုက်ခဲ့ပြီး
ကနေဒါကုမ္ပဏီ Bombar-dier အနေဖြင့် လေယာဉ်များကို အမေရိကန်နိုင်ငံအတွင်း ထုတ်လုပ်ခြင်းမပြုပါက
အမေရိကန်ဈေးကွက်တွင် ရောင်းချခွင့်ပိတ်ပင်မည်ဟု သတိပေးခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့က လူမှုကွန်ရက်မှတစ်ဆင့်
အမေရိကန်တွင် Bombardier လေယာဉ်များ ထပ်မံမရောင်းချရတော့ဟု ရေးသားခဲ့ပြီး အမေရိကန်ဈေးကွက်ကို
ရယူလိုပါက အမေရိကန်တွင် လာရောက်ထုတ်လုပ်ရမည်ဖြစ်ပြီး အမေရိကန်ကို ပိုက်ဆံထည့်သည့် ဘဏ်ကဲ့သို့
မဆက်ဆံရဟု ပြောကြားခဲ့သည်။
Bombardier လေယာဉ်များနှင့် ကနေဒါနိုင်ငံတွင်
ထုတ်လုပ်သည့် အခြားလေယာဉ်များ အားလုံးအတွက် အမေရိကန်လေကြောင်း အသိအမှတ်ပြုလက်မှတ်များကို
ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ယခုနှစ် ဇန်နဝါရီလကတည်းက သတိပေးခဲ့ဖူးသည်။
Bom-bardier သည် စီးပွားရေးသုံးဂျက်လေယာဉ်များ ထုတ်လုပ်ရာတွင် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည်။
အမေရိကန်နှင့် ကနေဒါအကြား ကုန်သွယ်ရေးဆွေးနွေးမှုများသည်
ဩဂုတ် ၂၁ ရက်တွင် ပျက်ပြားခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုများ
ပိုမိုမြင့်တက်လာခဲ့သည်။
အင်န်အိတ်ချ်ကေ

No comments