ချင်းပြည်နယ် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ကျင်းပသည့် စုပေါင်းသွေးလှူဒါန်းပွဲအား CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ယုတ်မာရိုင်းစိုင်းစွာ အကြောင်းမဲ့လာရောက်နှောင့်ယှက်ပစ်ခတ်
နေပြည်တော် စက်တင်ဘာ ၂၂
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော
CRPH၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော
အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန်နှင့်
ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်၍
စစ်ရေးပစ်မှတ်နှင့်မသက်ဆိုင်သည့် ဆေးရုံ၊ ဆေးခန်းစာသင်ကျောင်းများအား နှောင့်ယှက်ပစ်ခတ်ခြင်း၊
သစ္စာရှိနိုင်ငံ့ဝန်ထမ်းများ အပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊
အများပြည်သူပိုင်အဆောက်အအုံများအား မီးရှို့ခြင်း၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌
တိုက်ပွဲများဖော်ဆောင်၍ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးဆိုင်ရာ
တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သာသနာတော်အကျိုးသယ်ပိုးလျက်ရှိသော ရဟန်းသံဃာတော်များ၊
အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများအား လက်နက်အားကိုးဖြင့်
ခြိမ်းခြောက်ခြင်းနှင့် အနိုင်ကျင့်၊ ဗိုလ်ကျ၊ ဖမ်းဆီးနှိပ်စက်ပစ်ခတ်သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို
နည်းမျိုးစုံဖြင့် ဆင်ခြင်တုံတရားကင်းမဲ့စွာ ဥပဒေမဲ့ကျူးလွန်လျက်ရှိကြသည်။ ထိုသို့
အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် CDF အမည်ခံအကြမ်းဖက်သမားများသည်
ချင်းပြည်နယ် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်သော စုပေါင်းသွေးလှူဒါန်းပွဲသို့
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ယုတ်မာရိုင်းစိုင်းစွာ လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း
သိရှိရသည်။
နှောင့်ယှက်ပစ်ခတ်
ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်းတွင် ၂၀၂၆
ခုနှစ် အောက်တိုဘာ ၁ ရက်၌ ကျရောက်မည်ဖြစ်သည့် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား
ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ
စုပေါင်းသွေးလှူဒါန်းပွဲကျင်းပနေစဉ် ဆေးရုံ၏မြောက်ဘက်မှ CDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူအင်အား
ခုနစ်ဦးခန့်သည်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လူမဆန်စွာ အကြောင်းမဲ့လာရောက် နှောင့်ယှက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက် လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ
အကြမ်းဖက် သောင်းကျန်းသူများသည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရသည်။
ယခုကဲ့သို့ စစ်ရေးပစ်မှတ်နှင့်မသက်ဆိုင်သည့်
ပြည်သူ့ဆေးရုံဝန်းအတွင်းသို့ အကြောင်းမဲ့ ဆင်ခြင်တုံတရားကင်းမဲ့စွာ လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့သည့်
အကြမ်းဖက်လုပ်ရပ်အပေါ် ဒေသခံပြည်သူများက စက်ဆုပ်ရွံရှာမုန်းတီးစွာ ပြင်းပြင်းထန်ထန်
ကန့်ကွက်ရှုတ်ချလျက်ရှိသည်။
နယ်မြေလုံခြုံရေးတိုးမြှင့်
အဆိုပါ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား
ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိဒေသခံပြည်သူများနှင့်
ပူးပေါင်း၍စုံစမ်းဖော်ထုတ်လျက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏
အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက် နိုင်ရေးအတွက် လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း
တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
သတင်းစဉ်
%20%E1%80%9F%E1%80%AC%E1%80%B8%E1%80%81%E1%80%AB%E1%80%B8%20%E1%80%86%E1%80%B1%E1%80%B8%E1%80%9B%E1%80%AF%E1%80%B6%E1%80%95%E1%80%85%E1%80%BA%E1%80%81%E1%80%90%E1%80%BA%E1%80%96%E1%80%BC%E1%80%85%E1%80%BA%E1%80%85%E1%80%89%E1%80%BA%20(%E1%80%94%E1%80%99%E1%80%81)(%E1%81%82%E1%81%82-%E1%81%89-%E1%81%82%E1%81%80%E1%81%82%E1%81%86)-1.jpg)
No comments