International Futsal Cup 2026 ပြိုင်ပွဲ စတင်ကျင်းပပြီး YRG၊ MIU၊ YCDC Dream Team နှင့် အင်ဒိုနီးရှားကလပ် Black Steel Papua အသင်း နိုင်ပွဲရရှိ
ရန်ကုန် စက်တင်ဘာ ၆
International Futsal Cup
2026 ပြိုင်ပွဲ ပထမနေ့ကို စက်တင်ဘာ ၆ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ
MFF ဖူဆယ်အားကစားရုံ၌ စတင်ကျင်းပရာ မြန်မာကလပ်များဖြစ်သည့် YRG၊ MIU၊ YCDC Dream Team နှင့် အင်ဒိုနီးရှားကလပ် Black Steel
Papua အသင်း နိုင်ပွဲရရှိခဲ့သည်။
ပြိုင်ပွဲပထမနေ့ အုပ်စု(A)
ပွဲစဉ်များတွင် မြန်မာကလပ် YCDC Dream Team အသင်းက မြန်မာကလပ် TG United
အသင်းကို လေးဂိုး-နှစ်ဂိုး၊ အင်ဒိုနီးရှားကလပ်
Black
Steel Papua အသင်းက ကမ္ဘောဒီးယားကလပ် Lucky အသင်းကို
ခြောက်ဂိုး-တစ်ဂိုး၊ အုပ်စု (B) ပွဲစဉ်များတွင်
မြန်မာကလပ် MIU အသင်းက ထိုင်းကလပ် Black Pearl အကယ်ဒမီအသင်းကို သုံးဂိုး-နှစ်ဂိုး၊ မြန်မာကလပ်
YRG အသင်းက မြန်မာကလပ် M2k အသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ပြိုင်ပွဲကို လေးသင်း နှစ်အုပ်စုခွဲ ကျင်းပနေပြီး
အုပ်စုပွဲများကို တစ်ရက်လေးပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်သည်။
အုပ်စုဒုတိယနေ့ကို စက်တင်ဘာ
၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး နံနက် ၁၀ နာရီတွင် မြန်မာကလပ် TG United
အသင်းနှင့် အင်ဒိုနီးရှားကလပ် Black Steel Papua အသင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် ကမ္ဘောဒီးယားကလပ်
Lucky အသင်းနှင့် မြန်မာကလပ် YCDC Dream Team အသင်း၊
မွန်းလွဲ ၃ နာရီတွင် မြန်မာကလပ် M2K အသင်းနှင့် ထိုင်းကလပ် Black Pearl အကယ်ဒမီအသင်း၊ ညနေ ၅ နာရီခွဲတွင် MIU အသင်းနှင့် YRG အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-
ရှိုင်းထက်ဇော်
ဓာတ်ပုံ
- MFF

No comments