၂၀၂၆ ခုနှစ် အမျိုးသားတံခွန်စိုက် ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲ အမျိုးသား/အမျိုးသမီး အတိုက်ပြိုင်ပွဲများ၊ Kata ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ
နေပြည်တော် စက်တင်ဘာ ၁၂
မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ကကြီးမှူး၍ ၂၀၂၆ ခုနှစ် အမျိုးသားတံခွန်စိုက် ဂျူဒိုပြိုင်ပွဲဖွင့်ပွဲ၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(C)၌ ကျင်းပသည်။
ဖွင့်ပွဲတွင် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဦးခိုင်က အဖွင့်အမှာစကားပြောကြားပြီး “၂၀၂၆ ခုနှစ် အမျိုးသားတံခွန်စိုက် ဂျူဒိုပြိုင်ပွဲ” အား ဖွင့်လှစ်ပေးသည်။
ထို့နောက် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းက ဂျပန်နိုင်ငံ KODOKAN JUDO INSTITUTE က ပေးအပ်ချီးမြှင့်သည့် ခါးစည်းဒန်ရရှိသည့် ဂျူဒိုအားကစားသမား ငါးဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး အမျိုးသားတံခွန်စိုက်ဂျူဒိုပြိုင်ပွဲ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား Nage-No-Kata ပြိုင်ပွဲ ပွဲစဉ်များ၊ အမျိုးသမီး Kata ပွဲစဉ်များ၊ တစ်ဦးချင်းအတိုက်ပွဲစဉ်များဖြစ်သည့် အမျိုးသား (-၆၆၊ -၅၅၊ -၉၀၊ -၆၀၊ -၇၃၊ -၈၁၊ +၁၀၀) ကီလိုတန်းပြိုင်ပွဲများ၊ အမျိုးသမီး (-၄၅၊ -၆၃၊ -၇၀၊ +၇၈၊ -၄၈၊ -၅၂၊ -၅၇) ကီလိုတန်းပြိုင်ပွဲများ၏ ပတ်လည်ပွဲစဉ်များ၊ ရှုံးထွက်ပွဲစဉ်များ၊ တတိယလုပွဲ ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကြသည်။
ယင်းနောက် အမျိုးသား (-၅၅၊ -၆၀၊ -၆၆၊ -၇၃၊ -၈၁၊ -၉၀၊ -၁၀၀၊ +၁၀၀) ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသမီး (-၄၅၊ -၄၈၊ -၅၂၊ -၅၇၊-၆၃၊ -၇၀၊ +၇၈)ကီလိုတန်းပြိုင်ပွဲ ပတ်လည်ပွဲစဉ်များ၊ ရှုံးထွက် ပွဲစဉ်များ၊ တတိယလု ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ အမျိုးသားအတိုက်ပြိုင်ပွဲ (-၅၅) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကယားပြည်နယ်အသင်းမှ ဖြိုးမာန်နိုင်၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းမှ ထန်တန်ပုံ၊ တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဟိန်းတေဇနှင့် ပူးတွဲတတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ဣဇက်၊ (-၁၀၀) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ အောင်ပိုင်ခန့်၊ ဒုတိယဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ ဇင်မင်းခန့်၊ တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဇေယျသိင်္ခ၊ (-၆၀) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင်ပြည်နယ်အသင်းမှ ထိုက်ထိုက်ကျော်၊ ဒုတိယဆုရရှိသည့်မန္တလေးတိုင်းဒေသကြီးအသင်းမှ နိုင်ဟိန်းထက်၊ တတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းမှ ဇွဲဇွဲအောင်နှင့် ပူးတွဲတတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ဝဏ္ဏထွန်း၊ (-၆၆) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အောင်ဆက်ပိုင်၊ ဒုတိယဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ ကျော်ရွှေ၊ တတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ဇော်ပိုင်ထွန်းနှင့် ပူးတွဲတတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ စိုးနေဦး၊ (-၇၃) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ စောမြတ်သံစဉ်၊ ဒုတိယဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ လရောင်ရှန်၊ တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းမှ ဝေရှန်မိုးနှင့် ပူးတွဲတတိယဆုရရှိသည့် ကယားပြည်နယ်အသင်းမှ ထူးအံ့လင်း၊ (-၈၁) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ သန့်ဇင်ဝင်းအောင်၊ ဒုတိယဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ ချမ်းကိုကို၊ တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီး ဌာနအသင်းမှ အောင်သန့်ကျော်နှင့် ပူးတွဲတတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းမှ စိုင်းဟုန်ဝမ်းဆိုင်၊ (-၉၀) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ ကျော်ခန့်စိုး၊ ဒုတိယဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ စထက်ဝေဖြိုး၊ တတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းမှ မုန်ဒူအောင်နှင့် ပူးတွဲတတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ သီဟ၊ (+၁၀၀) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ ဇော်လင်းဖြိုး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းမှ လင်းထက်ဦး၊ အမျိုးသမီး (-၄၅) ကီလိုတန်းပြိုင်ပွဲ တွင် ပထမဆုရရှိသည့် အားကစားရေးရာ ဝန်ကြီးဌာနအသင်းမှ ဆောင်ယုံ၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းမှ ဟန်နီလင်းလက်၊ တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းမှ နန်းပပဇင်နှင့် ပူးတွဲတတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ အိမ့်ဝတီစိုးနိုင်တို့ကိုလည်းကောင်း။
(-၄၈) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ မေဇင်ဖြိုး၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းမှ တင်ဇာမြင့်၊ တတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ယမင်းသူဇာလှိုင်နှင့် ပူးတွဲတတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းမှ ခင်ပိုးပိုးအောင်၊ (-၅၂) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ အိအိသဇင်ဇော်၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းမှ ဘန်တောမ်၊ တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းမှ ဝင်းပြည့်ခိုင်နှင့် ပူးတွဲတတိယဆုရရှိသည့် ကယားပြည်နယ်အသင်းမှ ဇင်လင်းမို၊ (-၅၇) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ ပြည့်စုံအောင်၊ ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ နော်မြတ်နိုးရွှေစင်၊ တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းမှ ခင်ထွေးထွေးအောင်နှင့် ပူးတွဲတတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းမှ ငွေအိမ်စံ၊ (-၆၃) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ထက်ထက်လင်း၊ ဒုတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ငုချယ်ရီဦး၊ တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ စန္ဒာဝင်းနှင့် ပူးတွဲတတိယဆုရရှိသည့် ကယားပြည်နယ်အသင်းမှ ပြည့်ဖူးသွယ်တို့ကိုလည်းကောင်း။
(-၇၀) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ တွယ်တာစိုး၊ ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ မြတ်ပန်းနွယ်၊ တတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ မေမြတ်မွန်နှင့် ပူးတွဲတတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းမှ စံပယ်နှင်း၊ (+၇၈) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစား ရေးရာဝန်ကြီးဌာနအသင်းမှ အေးအေးအောင်၊ ဒုတိယဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာန အသင်းမှ နန်းသဲနုနုစံကို၊ တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ယွန်းဝတီစိုးနှင့် ပူးတွဲတတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ဝတ်ရည်ခိုင်၊ အမျိုးသား Nage-No-Kata ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ လရောင်ရှန်နှင့် ကျော်ခန့်စိုးတို့အတွဲ၊ ဒုတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ သန်းထက်ဦးနှင့် သျှန်ကောင်းဆက်ပိုင်တို့အတွဲ၊ တတိယဆုရရှိသည့် ကယားပြည်နယ်အသင်းမှ ဖြိုးမာန်နိုင်နှင့်ဟိန်းဆက်တို့အတွဲနှင့် ပူးတွဲတတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ စောမြတ်သံစဉ်နှင့် အောင်သန့်ကျော်တို့အတွဲတို့ကိုလည်းကောင်း။
အမျိုးသမီး Ju-No-Kata ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ ပြည့်စုံအောင်နှင့်အိအိသဇင်ဇော်တို့အတွဲ၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းမှ တင်ဇာမြင့်နှင့် ဆုရတနာတို့အတွဲ၊တတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ယွန်းသံသာအေးနှင့် ဖြိုးသက်လွင်တို့အတွဲနှင့် ပူးတွဲတတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ငုချယ်ရီဦးနှင့်ယမင်းသူဇာလှိုင်တို့အတွဲတို့အား တစ်ဦးချင်းဆု တံဆိပ်များနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ အမျိုးသားအကောင်းဆုံးအားကစားသမားဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ စောမြတ်သံစဉ်၊ အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ ပြည့်စုံအောင်တို့အား Trophy၊ ငွေသားဆုများ၊ အမှတ်တရဂုဏ်ပြုလက်ဆောင်များနှင့် ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် လေးခု၊ ကြေးတံဆိပ် နှစ်ခု စုစုပေါင်း ဆုတံဆိပ် ခုနစ်ခုဖြင့် အမျိုးသား တံခွန်စိုက်တတိယဆုဖလားရရှိသည့် ကချင်ပြည်နယ်အသင်းအား အမျိုးသားတံခွန်စိုက် တတိယ ဆုဖလားနှင့် ငွေသားဆုငွေကျပ် သုံးသိန်းတို့ကို မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းက လည်းကောင်း၊ ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် လေးခု စုစုပေါင်း ဆုတံဆိပ် ၁၁ ခုဖြင့် အမျိုးသားတံခွန်စိုက် ဒုတိယဆုဖလားရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းအား အမျိုးသား တံခွန်စိုက် ဒုတိယဆုဖလား၊ ငွေသားဆု ငွေကျပ် ငါးသိန်းနှင့် ရွှေတံဆိပ် ရှစ်ခု၊ ငွေတံဆိပ် ငါးခု စုစုပေါင်း ဆုတံဆိပ် ၁၃ ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်ပထမဆုဖလားရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းအား အမျိုးသားတံခွန်စိုက် ပထမဆုဖလားနှင့် ငွေသားဆုငွေကျပ် ၁၀ သိန်းတို့ကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments