ပခုက္ကူတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ MSME လုပ်ငန်းများ ကွင်းဆင်းလေ့လာ
ပခုက္ကူ စက်တင်ဘာ ၂၄
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန
ပခုက္ကူတက္ကသိုလ် အထူးပြုဘာသာရပ် ပေါင်းစုံမှ ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းက
ပခုက္ကူမြို့ရှိ MSME လုပ်ငန်းများကို ကွင်းဆင်းလေ့လာကြသည်။
ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးမြင့်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပခုက္ကူတက္ကသိုလ်
ခေတ္တပါမောက္ခချုပ်၊ သာဘာရပ်ဆိုင်ရာ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ကျောင်းသား
ကျောင်းသူများ စုပေါင်း၍ ပခုက္ကူမြို့ပေါ်ရပ်ကွက် များ၌ စားသောက်ကုန်လုပ်ငန်း၊ သဘာဝထုတ်ကုန်လုပ်ငန်း၊
သောက်ရေသန့်လုပ်ငန်းနှင့် အုတ်လုပ်ငန်းများအလိုက် MSME လုပ်ငန်းများအခြေအနေကို ကွင်းဆင်းလေ့လာကြရာ
လုပ်ငန်းရှင်များက လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုများ၊ ကုန်ပစ္စည်းထုတ်လုပ်မှုနှင့်
ထုပ်ပိုးမှုအဆင့်ဆင့်များ၊ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေး၊ ကျန်းမာရေးနှင့်
ညီညွတ်မျှတစေရေး ဆောင်ရွက်နေမှုများအကြောင်းကို ရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)

No comments