တိုကျိုမြို့အနီးတွင် နောက်ဆုံးပေါ် ဒီဂျစ်တယ်နည်းပညာပြပွဲ 2026 စတင်ဖွင့်လှစ်
တိုကျို အောက်တိုဘာ ၁၃
ဂျပန်နိုင်ငံ တိုကျိုမြို့အနီး ချီဘာမြို့ရှိ မာကူဟာရီမက်ဆဲ ကွန်ဗင်းရှင်းစင်တာတွင်
နောက်ဆုံးပေါ် ဒီဂျစ်တယ် နည်းပညာများကို ပြသသည့် အကြီးမားဆုံး နှစ်စဉ်ပြပွဲတစ်ခုဖြစ်သော CEATEC 2026 ကို အောက်တိုဘာ ၁၃ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။
ယခုနှစ်ပြပွဲတွင် စိတ်ဝင်စားမှုအများဆုံး
ရရှိနေသည့် နည်းပညာတစ်ခုမှာ ကိုယ်တိုင်ဆုံးဖြတ်လုပ်ဆောင်နိုင်သည့် Physical
AI နည်းပညာဖြစ်သည်။ ယင်းနည်းပညာသည် ဉာဏ်ရည်တု
(AI) ကို စက်ရုပ်များနှင့် အခြား ရုပ်ပိုင်းဆိုင်ရာ စက်ပစ္စည်းများတွင်
ပေါင်းစပ်အသုံးပြုကာ ပတ်ဝန်းကျင်ကို
သိရှိနားလည်ပြီး
လုပ်ငန်းတာဝန်များကို ကိုယ်တိုင်လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ပြပွဲတွင် မစ်ဆူဘီရှီ အီလက်ထရစ် (Mitsubishi
Electric) ကုမ္ပဏီက လုပ်သားရှားပါးမှုကိုဖြေရှင်းရန်အတွက် ကုန်ပစ္စည်းများကို စင်ပေါ်သို့ ကိုယ်တိုင်ရွေးချယ် စီစဉ်ပေးနိုင်သည့် AI စက်ရုပ်များကို ပြသခဲ့သည်။
CEATEC 2026 ပြပွဲတွင် ဂျပန်နိုင်ငံအတွင်းမှသာမက နိုင်ငံတကာမှကုမ္ပဏီများနှင့် အဖွဲ့အစည်းများအပါအဝင်
စုစုပေါင်း ၈၂၁ ခု ပါဝင် ပြသလျက်ရှိပြီး အဆိုပါပြပွဲကို အောက်တိုဘာ ၁၆ ရက်အထိ ၄ ရက်ကြာ
ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ

No comments