AFC Challenge League အုပ်စု (D) ပထမနေ့တွင် မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်း အရေးနိမ့်

 


ရန်ကုန်   အောက်တိုဘာ   ၁၈

၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲအုပ်စု (D) ပထမနေ့ကို အောက်တိုဘာ ၁၈ ရက်က အင်ဒိုနီးရှား နိုင်ငံ၌ စတင်ကျင်းပရာ မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် အင်ဒိုနီးရှားကလပ် ဘော်နီယိုအသင်းကို နှစ်ဂိုး-ဂိုးမရှိ ဖြင့် အရေးနိမ့်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် အိမ်ရှင်အင်ဒိုနီးရှားကလပ်ထံမှ အမှတ်ရယူနိုင်ရန် ကြိုးပမ်းသော်လည်း    ဒုတိယပိုင်းတွင် ပေးလိုက်ရသည့်ဂိုးများဖြင့် အရေးနိမ့်ခဲ့ရသည်။ မောင်မောင်လွင်၊ ဟိန်းဖြိုးဝင်းတို့ မပါဝင်နိုင်သော်လည်း   ရန်ကုန်ယူနိုက်တက်အသင်းသည် ဘော်နီယိုအသင်းကို အပြန်အလှန်ကစားနိုင်ခဲ့သည်။

အာရှအဆင့်ပြိုင်ပွဲများတွင် ကာလအတန်ကြာဝေးကွာနေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် တစ်ကျော့ပြန် ယှဉ်ပြိုင်ခွင့်ရသည့်ပြိုင်ပွဲတွင် ပထမပွဲ၌ အရေးနိမ့်ခဲ့သော်လည်း နောက်တစ်ဆင့်တက်ရောက်ရန်  အခွင့်အရေးရှိနေဆဲဖြစ်ပြီး ဒုတိယပွဲဖြစ်သည့် တိုင်နန်စီးတီးအသင်းနှင့်ပွဲမှာ အဆုံးအဖြတ်ဖြစ်လာမည်ဖြစ်သည်။ ဘော်နီယိုအသင်းအတွက် အနိုင်ဂိုးများကို ၅၃ မိနစ်တွင် မာဒိုကာ၊ မိနစ် ၈၀ တွင် ဒီယာရာတို့က သွင်းယူခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည်  အုပ်စုနောက်ဆုံးပွဲအဖြစ် အောက်တိုဘာ ၂၄ ရက်တွင် တရုတ်တိုင်ပေကလပ် တိုင်နန် စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်း-ချစ်ကိုကို

ဓာတ်ပုံ-Borneo FC

No comments

Powered by Blogger.