ဆိပ်ဖြူမြို့နယ်၌ ဆောင်စိုက်ပျိုးစရိတ်ချေးငွေးများစတင်ထုတ်ချေးပေး
ဆိပ်ဖြူ အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)က ၂၀၂၆ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့နံနက်မှစတင်၍ထုတ်ချေးပေးနေကြောင်းသိရသည်။
ဆိပ်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)အနေဖြင့် ရာသီအလိုက်စိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ် စည်းကမ်းများနှင့်အညီ တာဝန်ကျေသည့်တောင်သူများအား ထုချေးပေးလျှက်ရှိကြောင်းသိရသည်။
ဆောင်းသီးနှံထုတ်ချေးကြမည့်တောင်သူများမြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာနှင့် တာဝန်ရှိသူများ က ဆောင်းသီးနှံအတွက် ချေးငွေစည်းကမ်းများအားချပြရှင်းလင်းဆောင်ရွက်ခဲ့ပြီး တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးသည်။ ၂၀၂၆ ခုနှစ် ဆောင်းစိုက်ပျိုးစရိတ်ချေးငွေကို အခြားသီးနှံအတွက် တစ်ဧက နှစ်သိန်းငါးသောင်းကျပ် ၊ တောင်သူ(၁၀၈) ဦး၊ စိုက်ဧက ၂၃၀ ဧက အတွက် ကျပ်သိန်း ၅၇၅ သိန်းကျပ် ထုတ်ချေးရန်လျှားထားဆောင်ရွက်ထားကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်(ခွဲ)က ပြောကြားသိရှိရသည်။
ကိုဇွဲ (အညာမြေ)

No comments