ကရင်ပြည်နယ်ရှိ ရွှေကင်း-ကမော့ကစင်တူးမြောင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ဘားအံ အောက်တိုဘာ ၆
ကရင်ပြည်နယ်ရှိ ရွှေကင်း-ကမော့ကစင်တူးမြောင်း အရှည် ပေ ၁၀၀၀၀ ကျော်အား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက စက်ယန္တရားများအသုံးပြု၍ ထိပ်ဝ အကျယ် ၃၅ ပေ၊ အောက်ခြေ အကျယ် ၁၅ ပေ၊ ပျမ်းမျှအနက် ၉ ပေရရှိအောင် ပြန်လည်တူးဖော်ခြင်း၊ မြောင်းပခုံးပေါ်ရှိ ချုံနွယ်၊ ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ နုန်းအနည်အနှစ်များ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့မွန်းလွဲ ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အလားတူ အခြေခံစားကုန်ဖြစ်သော ကြက်ဥကို ဒေသခံ ပြည်သူများအနေဖြင့် သက်သာ သောနှုန်းထားဖြင့် လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်စေရေးအတွက် ဘားအံမွေးမြူရေးဇုန်၌ ကရင် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဥစားကြက် (ကောင် ရေ ၃၀၀၀၀) မွေးမြူရေးခြံ တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ဥစားကြက်ကောင်ရေ ၁၀၀၀၀ ကို လှောင်အိမ်စနစ်ဖြင့် စဉ်ဆက်မပြတ် သုံးသုတ် မွေးမြူမည့် အစီအမံများ၊ အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှု၊ လှောင်အိမ် အပါအဝင် ကြက်ရုံတွင်းလုပ်ငန်းများ ၆၀ ရာခိုင်နှုန်း တည်ဆောက် ပြီးစီးမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။
ထို့အတူ လှိုင်းဘွဲမြို့နယ်
ထီလုံ စစ်မှုထမ်းဟောင်းအိမ်ရာ ခန်းမ၌ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်း ကျောင်း (ဘားအံမြို့)မှ ဖွင့်လှစ်ခဲ့သည့် စက်ချုပ်နည်းပညာ သင်တန်းနှင့် လက်ရက်ကန်းဒီဇိုင်း တီထွင်ဆန်းသစ်မှု နည်းပညာ သင်တန်း (ဒုတိယအကြိမ်) သင်တန်းဆင်းပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments