တရုတ်နှင့် အီသီယိုးပီးယားအကြား လေကြောင်းခရီးစဉ်သစ် စတင်ပြေးဆွဲ
အောက်တိုဘာ
၁၄
တရုတ်နိုင်ငံတောင်ပိုင်း
ကွမ်ကျိုးမြို့မှ ထွက်ခွာလာသော China Southern Airlines လေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းသည်
အီသီယိုးပီးယားနိုင်ငံသို့ အောက်တိုဘာ ၁၂ ရက်နေ့ညပိုင်းက ဆင်းသက်ခဲ့ကြောင်းနှင့် တရုတ်လေကြောင်းလိုင်းတစ်ခုကပြေးဆွဲသည့်
တရုတ်နှင့် အီသီယိုးပီးယားအကြား တစ်ခုတည်းသော လေကြောင်းခရီးစဉ်သစ်ကို အောင်မြင်စွာ
စတင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါလေယာဉ်
ဆိုက်ရောက်ချိန်တွင် ရေပန်းဖြင့် ဂုဏ်ပြုကြိုဆိုသည့် အစဉ်အလာဖြင့် ကြိုဆိုခဲ့ကြကြောင်းနှင့်
ထိုလေယာဉ်တွင် ခရီးသည် ၂၀၀ ကျော်လိုက်ပါလာကြောင်း သိရသည်။
ခရီးသွားအဖွဲ့ခေါင်းဆောင်
ဇူပင်းဟုန်က ကွမ်ကျိုးမြို့က ခရီးသွားအဖွဲ့ဖြစ်ကြောင်း၊ လူ ၂၀ ပါဝင်ကြောင်း China
Southern Airlines ၏အဒစ်အဘာဘာမြို့ကို ပထမဆုံးပျံသန်းသော လေယာဉ်နှင့် လိုက်ပါခဲ့ကြကြောင်းနှင့်
အရမ်းစိတ်လှုပ်ရှားဝမ်းသာကြပြီး အမှတ်တရဖြစ်စရာ အတွေ့အကြုံတစ်ခုလည်း ဖြစ်ခဲ့ကြောင်း
ပြောကြားခဲ့သည်။
၎င်း၏
ပြောကြားချက်အရ ခရီးသွားအဖွဲ့သည် အီသီယိုးပီးယားနိုင်ငံတွင် ကိုးရက်ကြာ နေထိုင်မည်ဖြစ်ပြီး
မြို့တော်အပြင် နိုင်ငံတောင်ပိုင်းရှိ လူမျိုးစုများ၏ နေထိုင်မှုဘဝနှင့် ယဉ်ကျေးမှုများကို
လေ့လာစူးစမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးသည်တင်လေယာဉ်ကို
တစ်ပတ်လျှင် နှစ်ကြိမ်၊ တနင်္လာနေ့နှင့် သောကြာနေ့များတွင် ပျံသန်းပြေးဆွဲပြီး တရုတ်နိုင်ငံအလယ်ပိုင်း
ချန်ရှာမြို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့နှင့် အီသီယိုးပီးယားနိုင်ငံ၏
မြို့တော် အဒစ်အဘာဘာမြို့တို့ကို ဆက်သွယ်ပေးမည်ဟု သိရသည်။
တရုတ်နှင့်
အာဖရိကအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ၊ အပြန်အလှန်သွားလာမှုများ
တိုးတက်လာနေသည့်အတွက် နိုင်ငံတကာခရီးစဉ်များကို ဆက်လက် တိုးချဲ့ဖော်ဆောင်သွားမည်ဖြစ်ကြောင်းနှင့်
တရုတ်နှင့်အာဖရိကအကြား လေကြောင်းဆက်သွယ်မှုများကို တိုးမြှင့်ပေးကာ နှစ်ဖက်အကြားချိတ်ဆက်ဆောင်ရွက်မှုများ
ပိုမိုအားကောင်းလာစေရန် ကြိုးပမ်း သွားမည်ဖြစ်ကြောင်းလည်း China Southern Airlines
က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments