အာဖဂန်နစ္စတန်နိုင်ငံ ဘာဒါရှန်မြို့တွင် ဆေးခြောက်စိုက်ခင်း ဧက ၃၀၀၀ ကျော် ဖျက်ဆီးခံရ



အောက်တိုဘာ ၅

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဘာဒါရှန်ပြည်နယ်ရှိ ဆေးခြောက်စိုက်ခင်း ဧက ၃၀၀၀ ကျော်ကို ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း ဖျက်ဆီးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သော သီတင်းပတ်နှစ်ပတ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုတစ်ခုအတွင်း ဘာဒါရှန်တစ်ဝန်းတွင် ဆေးခြောက်စိုက်ခင်း စုစုပေါင်း ဧက ၃၃၆၁ ဖျက်ဆီးခံခဲ့ရသည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဘိန်း၊ ဆေးခြောက် သို့မဟုတ် အခြားတရားမဝင် သီးနှံများ စိုက်ပျိုးခြင်းဖြင့် ဥပဒေကို ချိုးဖောက်သူ မည်သူမဆိုကို ပြင်းထန်စွာ အရေးယူသွားမည်ဟုလည်း  သတိပေးထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.