တနင်္သာရီတိုင်းဒေသကြီး၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပ
ထားဝယ် အောက်တိုဘာ ၅
၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ပုလဲဧကရီ ခန်းမ၌ ကျင်းပရာ ကျောင်းသား ကျောင်းသူများက “ဆရာဟူသည်” တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်း အနားသို့ ပေးပို့သည့် သဝဏ်လွှာကို တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ဖတ်ကြား ပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၄)ဖွဲ့၏ အဖွဲ့ ခေါင်းဆောင်များမှ ပေးပို့သော စုပေါင်းသဝဏ်လွှာ ကို တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ဖတ်ကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် လူမှုရေးရာဝန်ကြီးတို့က ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ရမ္မဇူဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား ကျောင်းသူများက “လေးစား လျက်ပါ မြတ်ဆရာ” တေးသီချင်းဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေကြပြီး ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများက သဘာဝဘေးကြုံတွေ့ခဲ့ရသည့် ပြည်သူများအတွက် အလှူငွေကျပ် ၁၄ သိန်းကို ပေးအပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments