ကြံခင်းမြို့နယ်အတွင်း ကျေးလက်ကျောက်ချောလမ်းနှင့်ကွန်ကရစ်လမ်းဆောင်ရွက်နေမှုများအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး



ကြံခင်း အောက်တိုဘာ   ၁၅

 

သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ခရိုင်/မြို့နယ်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ကြိုးကြာတန်းကျေးရွာနှင့် ညောင်းကုန်းကျေးရွာတို့၌ ကျောက်ချောလမ်း၊ ကွန်းကရစ်လမ်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ကြံခင်းမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဏာရေးနှစ်တွင် တိုင်းဒေသကြီး/ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန(ရုံးချုပ်) လမ်းတည်ဆောက်ရေးမှတာဝန်ယူဆောင်ရွက်နေသည့် ညောင်ကုန်း-ပန်းပင်ကုန်း- မကျီးကုန်းကျေးရွာ၊ ကျောက်ချောလမ်းနှင့် Sate Gyi & Brother Co.ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ကြံခင်း-ဘက်ရဲ-ကြိုးကြာတန်းလမ်း၊ ကွန်ကရစ်လမ်း ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေးနှင့်အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါလုပ်ငန်းများပြီးစီးပါက ညောင်ကုန်းကျေးရွာအနီးပတ်ဝန်းကျင်(၂၄)ရွာ၊ အိမ်ခြေ ၂၂၉၅ အိမ်၊ လူဦးရေ  ၈၀၆၆ ဦးနှင့် ကြိုးကြာတန်းကျေးရွာ အနီးပတ်ဝန်းကျင် (၁၁)ရွာ၊ အိမ်​​ခြေ ၇၈၂ အိမ်၊ လူဦးရေ ၂၇၆၆ ဦး တို့ကို အချိန်မရွေး အကျိုးပြုသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဖြိုးဝေလင်း(ပြန်/ဆက်)

No comments

Powered by Blogger.