၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

 


နေပြည်တော်   အောက်တိုဘာ   ၂၀

လက်ဝှေ့အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်လက်ဝှေ့အားကစားသမား များ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာနမှကြီးမှူးပြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန မြန်မာနိုင်ငံ  လက်ဝှေ့အဖွဲ့ချုပ်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ” ကို ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားဥယျာဉ်ရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၅၁၊ ၆၀၊ ၆၃.၅၊ ၆၇၊ ၇၁)ကီလိုတန်းပြိုင်ပွဲများနှင့် အမျိုးသမီး(၅၄၊ ၆၃) ကီလိုတန်းပြိုင်ပွဲများကို  အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးသားပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် (၅၁)ကီလိုတန်းပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းမှ ထက်နိုင်အောင် (အနီ)က တနင်္သာရီတိုင်းဒေသကြီးအသင်းမှ လွင်မျိုးသန့်(အပြာ)ကို  လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ထက်မြတ်လွင်(အနီ)က  ချင်းပြည်နယ်အသင်းမှ    တမ်ဟာရှိန်း(အပြာ)ကိုလည်းကောင်း၊ (၆၀)ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဇော်လင်းထွေး(အနီ)က မွန်ပြည်နယ်အသင်းမှ လင်းခန့်မောင်မောင်(အပြာ)ကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ ကျော်သူရ(အပြာ)က မန္တလေးတိုင်းဒေသကြီးအသင်းမှ ဉာဏ်လင်းအောင်(အနီ)ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ သီဟအောင်(အပြာ)က စစ်ကိုင်းတိုင်း ဒေသကြီးအသင်းမှ လာဗျက်ကျဲလ် (အနီ)ကိုလည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ အောင်ခန့်ဖြိုး(အပြာ)က ရခိုင်ပြည်နယ်အသင်းမှ အောင်မင်းခန့်(အနီ)ကိုလည်းကောင်း၊ (၆၃.၅)ကီလိုတန်းပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မင်းကျော်ဇင်(အပြာ)က ချင်းပြည်နယ်အသင်းမှ စောကဆာမိုး(အနီ)ကို လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ အေးကိုဇင်(အနီ)က ပဲခူးတိုင်းဒေသကြီးအသင်းမှ ဘုန်းမြင့်မောင်(အပြာ)ကိုလည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီးအသင်းမှ လုံဂျုံရိန်ကြွယ်နော်(အနီ)က ကချင်ပြည်နယ်အသင်းမှ ရှားလုံနော်ဆန့်(အပြာ)ကို လည်းကောင်း၊    မန္တလေးတိုင်းဒေသကြီးအသင်းမှ    ဟိန်းစိုးဦး (အပြာ)က ရခိုင်ပြည်နယ်အသင်းမှ ဒီပ(အနီ)ကို  လည်းကောင်း၊ အမျိုးသား (၆၇)ကီလိုတန်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ ဇင်မင်းကို(အပြာ)က မွန်ပြည်နယ်အသင်းမှ မင်းသွင်ဖြိုး(အနီ)ကို လည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ ယော်ဘောမ်(အပြာ)က စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရှိန်းထက်ကျော်(အနီ)ကို   လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ တန်မိုင်(အပြာ)က ချင်းပြည်နယ်အသင်းမှ အောင်ဇေမြတ်(အနီ)ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ အောင်မြင့် ထွန်း(အနီ)က ရခိုင်ပြည်နယ်အသင်းမှ  အောင်ဖြိုးပိုင်(အပြာ)ကိုလည်းကောင်း၊ အမျိုးသား (၇၀)ကီလိုတန်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ စည်သူထက်(အပြာ)က    ရခိုင်ပြည်နယ်အသင်းမှ ဝင်းလှိုင်ထွန်း(အနီ)ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ  စချစ်လင်းဇော်(အနီ)က မန္တလေးတိုင်းဒေသကြီးအသင်းမှ  ဟန်ထက်အောင်(အပြာ)ကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

အလားတူ အမျိုးသမီး(၅၄)ကီလိုတန်းပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းမှ နန်းခင်နှင်းထက်(အပြာ)က   ရှမ်းပြည်နယ်အသင်းမှ ယုယုမေ(အနီ)ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ညောင်ရှမ်းဟွဲ့(အပြာ)က ပဲခူးတိုင်း ဒေသကြီးအသင်းမှ သွယ်ဇင်ယွန်း(အနီ)ကို လည်းကောင်း၊  (၆၃)ကီလိုတန်းပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းမှ နန်းခင်မာဦး(အပြာ)က တနင်္သာရီတိုင်းဒေသကြီးအသင်းမှ သန္တာထွန်း(အနီ)ကို လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ ဇင်မာဝေ(အပြာ)က ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ချမ်းပြည့်စိုး(အနီ)ကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်

၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၀ ရက်   မွန်းလွဲ ၂ နာရီမှစတင်၍  ပဲခူးတိုင်းဒေသကြီး  ပဲခူးမြို့ အားကစားဥယျာဉ်ရှိ မိုးလုံလေလုံအားကစားရုံ၌ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်   ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ” အမျိုးသား/အမျိုးသမီး  ဝိတ်တန်းအလိုက်ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို   “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။ 

သတင်းစဉ်

No comments

Powered by Blogger.