အာဖဂန်နစ္စတန်နိုင်ငံ၌ ယခုနှစ်အတွင်း ဂျုံထွက်ရှိမှု ၁၃ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်
အောက်တိုဘာ
၂၁
အာဖဂန်နစ္စတန်နိုင်ငံတွင်
ယခုနှစ် ဂျုံရိတ်သိမ်းမှုမှ ဂျုံတန်ချိန် ၅ ဒသမ ၁၅ သန်း ထွက်ရှိခဲ့ပြီး ယမန်နှစ်ကဂျုံထွက်ရှိမှုနှင့်နှိုင်းယှဉ်ပါက
၁၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် မွေးမြူရေးဝန်ကြီးဌာနက
ယမန်နေ့ကထုတ်ပြန်ခဲ့သည်။
ယခုနှစ်တွင်
ဂျုံစိုက်ပျိုးဧရိယာ ဟက်တာ ၁ ဒသမ ၉၇ သန်းရှိပြီး ယင်းပမာဏသည် နိုင်ငံ၏ စိုက်ပျိုးနိုင်သော
မြေဧရိယာစုစုပေါင်း၏ ၆၈ ရာခိုင်နှုန်းခန့်နှင့် ညီမျှကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂျုံထွက်ရှိမှု
တိုးတက်လာသော်လည်း ယခုနှစ်အတွက် နိုင်ငံ၏ ဂျုံလိုအပ်ချက်မှာ တန်ချိန် ၇ ဒသမ ၀၉ သန်းရှိနေသဖြင့်
လိုအပ်ချက်နှင့် ထုတ်လုပ်မှုအကြား ဂျုံတန်ချိန် ၁ ဒသမ ၉၄ သန်း လိုအပ်နေဆဲဖြစ်ကြောင်း
ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင်
ဆည်ရေသွင်းစိုက်ပျိုးမြေများနှင့် မိုးရေကိုအားထားစိုက်ပျိုးသည့် မြေများ စုစုပေါင်း
ဟက်တာ ၁ ဒသမ ၈၉ သန်းတွင် ဂျုံစိုက်ပျိုးခဲ့ပြီး ဂျုံတန်ချိန် ၄ ဒသမ ၅၄ သန်း ထုတ်လုပ်နိုင်ခဲ့သည်ဟု
သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments