အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့တွင် လူအုပ်ပြိုကျမှုကြောင့် ၁၇ ဦးထက်မနည်း သေဆုံး



အောက်တိုဘာ ၁၉

အိန္ဒိယနိုင်ငံအရှေ့ပိုင်း  ကိုလ်ကတ္တားမြို့ရှိ ဟိန္ဒူဘာသာရေးပွဲတော်တစ်ခုတွင် လူအုပ်ပြိုကျမှုကြောင့် ၁၇ ဦး ထက်မနည်း သေဆုံးခဲ့သည်။

အဆိုပါလူအုပ်ပြိုကျမှုသည် အောက်တိုဘာ ၁၇ ရက် ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် အခြားလူ ၁၅ ဦး ဆေးရုံတွင် ကုသမှုခံယူလျက်ရှိကြောင်း ဒေသခံအာဏာပိုင်များနှင့် အခြားသတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။

မိုးရွာသွန်းလာချိန်တွင် ပွဲကျင်းပရာနေရာအပြင်ဘက်၌ စောင့်ဆိုင်းနေကြသော လူအုပ်ကြီး စတင်ရွေ့လျားလာခြင်းကြောင့် လူအုပ်ပြုံတိုးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

အဆိုပါဝမ်းနည်းဖွယ်ဖြစ်ရပ်အပြီးတွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ၎င်း၏ လူမှုမီဒီယာအကောင့်တွင် ဝမ်းနည်းကြောင်းပြောကြားခဲ့ပြီး ဒဏ်ရာရရှိသူများ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း မက်ဆေ့ချ်တစ်စောင် ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် လူအုပ်ပြုံတိုးမှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားလေ့ရှိကာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း နိုင်ငံတောင်ပိုင်း တမီးလ်နာဒူးပြည်နယ်၌ နိုင်ငံရေးလူထုစည်းဝေးပွဲတစ်ခုအတွင်း လူအုပ်ပြုံတိုးမှု ဖြစ်ပွားခဲ့ရာ ကလေးငယ်များအပါအဝင် လူ ၃၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.