ဂျပန်အလယ်ပိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်မြေပြိုကျမှုကြောင့်လူတစ်ဦးသေဆုံး၊ တစ်ဦးပျောက်ဆုံး
အောက်တိုဘာ ၂၉
ဂျပန်နိုင်ငံအလယ်ပိုင်း အိုင်ချီစီရင်စုရှိ ရေပိုက်သွယ်တန်းရေး ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မြေကြီးပိမိမှုဖြစ်ပွားခဲ့ရာ အလုပ်သမားတစ်ဦး သေဆုံးပြီး အခြားတစ်ဦး ပျောက်ဆုံးနေကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်တွင် အန်ဂျိုမြို့ရှိ လုပ်ငန်းခွင်၌ အလုပ်သမားနှစ်ဦး မြေကြီးပိမိနေကြောင်း အကြောင်းကြားချက်ကို ဒေသခံမီးသတ်ဌာနက လက်ခံရရှိခဲ့သည်ဟု အများပြည်သူပိုင် ရုပ်သံဌာန အင်န်အိတ်ချ်ကေ ဖော်ပြချက်အရ သိရသည်။
အဆိုပါမြေကြီးပိမိနေသူနှစ်ဦးအနက် တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးသွားသည်ဟု အတည်ပြုခဲ့သည်။
ကျန်အလုပ်သမားတစ်ဦးကို ညနေ ၄ နာရီအထိ ရှာမတွေ့သေးကြောင်းနှင့် မီးသတ်တပ်ဖွဲ့နှင့် အခြားကယ်ဆယ်ရေးအဖွဲ့များက်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments