ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် (ဒုတိယအကြိမ်) ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်ပွဲ ကျင်းပ



နေပြည်တော် အောက်တိုဘာ ၃၀

 

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ ကျောင်းသားကျောင်းသူများအတွက် (ဒုတိယအကြိမ်) ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ ဆရာမများ၊ မိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းမှူးက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို ပေးအပ်ရာ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများက လက်ခံရယူကြသည်။

 

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.