တွံတေးမြို့နယ်၌ ငါးသားပေါက် ၈၅၀,၀၀၀ ကောင် စိုက်ထည့်



တွံတေး၊ အောက်တိုဘာ ၁၄

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကံရွာကျေးရွာအုပ်စု၊ လှိုင်သာယာ-တွံတေးကားလမ်း မိုင်တိုင် အမှတ် (၆) အနီးရှိ စက်တူးမြောင်းချောင်း သဘာဝရေပြင်အတွင်း ငါးသယံဇာတများ ရေရှည် ထိန်းသိမ်းရန်၊ ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဒေသခံပြည်သူများ၏ စားနပ်ရိက္ခာနှင့် ဝင်ငွေတိုးတက်စေရန် ရည်ရွယ်၍ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ငါးသားပေါက် ၈၅၀,၀၀၀ ကောင် စိုက်ထည့်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

 

ငါးသားပေါက်များတွင် ငါးမြစ်ချင်း ၄၉၀,၀၀၀ ကောင်၊ ရွှေဝါငါးကြင်း ၆၀,၀၀၀ ကောင်နှင့် ငါးခုံးမကြီး ၃၀,၀၀၀ ကောင် ပါဝင်ကြောင်း သိရသည်။

 

မျိုးလှိုင် (တွံတေး)

No comments

Powered by Blogger.