ဒေသတွင်းတင်းမာမှုများလျှော့ချရေး ဆွေးနွေးရန် ရုရှားနိုင်ငံခြားရေးဝန်ကြီး အီရန်သို့ရောက်ရှိ

 


တီဟီရန်    အောက်တိုဘာ    ၂၀

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့စ်သည် ပါရှန်ပင်လယ်ကွေ့တွင် တင်းမာမှုများလျှော့ချရေးဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်များနှင့်ပတ်သက်၍ အီရန်နိုင်ငံခြားရေးဝန်ကြီး အဗတ်အေရာချီနှင့် ဆွေးနွေးရန် တီဟီရန်သို့ ရောက်ရှိနေကြောင်း သိရသည်။ ၎င်းသည် ခရီးစဉ်အတွင်း   အီရန်သမ္မတ မာဆော့ပါဇက်ကီရှန်နှင့်လည်း  တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။ 

အီရန်နိုင်ငံတွင်ဆောင်ရွက်မည့် ဆွေးနွေးမှုများအတွင်း အီရန်-ရုရှား နှစ်နိုင်ငံအကြား ပြီးပြည့်စုံသည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ခိုင်မာစေရေးအတွက် လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်များကို ၎င်းက အလေးထားဆွေးနွေးမည်ဖြစ်သည်။ 

အဆိုပါဆွေးနွေးပွဲအတွင်း  ဘာရိန်းနိုင်ငံ  မနားမားမြို့တွင် ကျင်းပခဲ့သည့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ၏  ဝန်ကြီးအဆင့်  ကောင်စီဆွေးနွေးပွဲတွင်   ၎င်းပါဝင်တက်ရောက်မှုမှရရှိလာသည့် ရလဒ်များကိုလည်း အီရန်ဘက်သို့ ရှင်းလင်းပြောကြားမည်ဟု သိရသည်။

TASS

No comments

Powered by Blogger.