အာဖဂန်၌ သဘာဝဘေးအန္တရာယ်များကြောင့် တစ်နှစ်အတွင်း လူ ၆၇၉ ဦး သေဆုံး

 


ကဘူးလ်  အောက်တိုဘာ  ၁၃

လွန်ခဲ့သည့်တစ်နှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံ၌ ရေကြီးမှုနှင့်ဆက်စပ်သည့် ပြင်းထန်သော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ရာ  လူ  ၆၇၉ ဦး သေဆုံးပြီး  ၁၆၃၄  ဦး ဒဏ်ရာရရှိခဲ့ကြောင်း  အာဏာပိုင်များက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်များသည် ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝနှင့် အခြေခံအဆောက်အအုံများကို ဆိုးရွားစွာပျက်စီးစေခဲ့ကြောင်း အာဖဂန်အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဟာဖစ်ဇ် မိုဟာမက်ယူဆွတ်ဖ် ဟာမက်က ပြောသည်။

ဘေးအန္တရာယ်များကြောင့် နေအိမ် ၄၅၀၀ နီးပါး လုံးဝပျက်စီးခဲ့ပြီး   နေအိမ်  ၁၇၆၆၄ လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည်။ ထို့ပြင်  လမ်းမကြီး  ၇၄၆   ကီလို မီတာခန့်နှင့်    စိုက်ပျိုးမြေ ဧက ၈၃၃၀၀   ကျော်   ပျက်စီးခဲ့ရပြီး ရေကြီးမှုဒဏ်ခံစားခဲ့ရသော  မိသားစုပေါင်း ၄၄၉၁၈ စုရှိကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် ရုတ်တရက်ရေကြီးမှုများ၊ မြေပြိုမှုများ၊ ကာလရှည် မိုးခေါင်ရေရှားမှု များနှင့် နှင်းထုပြိုကျမှုများ မကြာခဏဖြစ်ပွားလေ့ရှိရာ လူ့အသက်နှင့် စီးပွားရေးအရ   ကြီးမားသော  ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိ သည်။                         

ဆင်ဟွာ

No comments

Powered by Blogger.