ထိုင်းနိုင်ငံ၌ရေကြီးရေလျှံမှုကြောင့် သေဆုံးသူဦးရေ ၆၀ ရှိလာ၊ မုန်တိုင်းသတိပေးချက်အသစ် ထုတ်ပြန်
အောက်တိုဘာ ၇
ထိုင်းနိုင်ငံတွင် ရေကြီးရေလျှံမှုနှင့်ဆက်စပ်ပြီး ယနေ့မနက် ၆ နာရီအချိန်အထိ သေဆုံးသူဦးရေ ၆၀ ဦးရှိလာကြောင်း ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ဘန်ကောက်နှင့် အခြားပြည်နယ် ၂၇ ခုတွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အိမ်ထောင်စု ၁ ဒသမ ၁၅ သန်းခန့် ထိခိုက်ခံစားနေရသည်ဟု သိရသည်။
နိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် အောက်တိုဘာ ၉ ရက်မှ ၁၃ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေမှုများ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးပြောကြားထားပြီး ယနေ့တွင် သတိပေးချက်ထုတ်ပြန်ထားကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments