လွိုင်လင်မြို့ အထက(၁) ကျောင်း၌ စူပါအယ်လ်နီညို အကြောင်းအသိပညာပေးဟောပြော
လွိုင်လင် အောက်တိုဘာ
၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)
လွိုင်လင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင် ခရိုင်ရုံးမှဦးစီး၍
စူပါအယ်လ်နီညိုအကြောင်း အသိပညာပေးဟောပြောပွဲကိုယနေ့ မွန်းလွှဲပိုင်းက အထက(၁) ကျောင်းခန်းမ၌
ပြုလုပ်ပါသည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင် က အယ်လ်နီညိုဖြစ်စဉ်များနှင့်
နောက်ဆက်တွဲဖြစ်ပေါ် လာမည့်ဘေးအန္တရာယ်များ၊ ရာသီဉတုပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပွားလာပါကဆောင်ရန်၊
ရှောင်ရန်များကိုလည်းကောင်း၊ ကြိုတင်ပြင်ထားရမည့် အခြေအနေများကိုလည်းကောင်း ဗီဒီယိုကလစ်ပြသပြီး
ရှင်းလင်းပြောကြားခဲ့သည်။
လွိုင်လင်မိုး

No comments