ဟားခါးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
ဟားခါး အောက်တိုဘာ ၁၄
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က အမှာစကားပြောကြားပြီး ဟားခါးတက္ကသိုလ် ပထဝီဌာနမှ ကထိက ဦးဆလိုင်း ကေချာငယ်က ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင် ခြေလျှော့ချရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှစတင်စို့” နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်က လည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက လည်းကောင်း၊ ရှင်းလင်းဆွေးနွေး ပေးသည့် ဟားခါးတက္ကသိုလ် ပထဝီဌာနမှကထိကအား ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ကလည်းကောင်း ဆုများပေးအပ်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments