ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၃၁၆ ဦးအထိ မြင့်တက်လာ



အောက်တိုဘာ ၁၄

ဘင်္ဂလားဒေ့ရှ်တစ်ဝန်းတွင် ခြင်မှတစ်ဆင့်ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါကြောင့် ယခုနှစ် ၁၀ လအတွင်း  လူပေါင်း ၁၀၀၀၀၀ ကျော် ကူးစက်ခံခဲ့ရပြီး  ၃၀၀ ကျော် သေဆုံးခဲ့သည်။

ကျန်းမာရေးဝန်ဆောင်မှုများဆိုင်ရာ ညွှန်ကြားရေးဦးစီးဌာနချုပ်မှ နောက်ဆုံးထုတ်ပြန်ချက်များအရ အောက်တိုဘာ ၁၃ ရက်နေ့အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု စိုးရိမ်ဖွယ်အဆင့်သို့ ရောက်ရှိနေပြီး ကူးစက်ခံရသူ ၁၀၃၃၉၆ ဦးနှင့် သေဆုံးသူ ၃၁၆ ဦး ရှိသည်ဟု သိရသည်။

ယခုနှစ်အတွင်း အောက်တိုဘာလတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ၇၁ ဦး၊ စက်တင်ဘာလတွင် ၁၄၈ ဦး၊ သြဂုတ်လတွင် ၄၃ ဦး၊ ဇူလိုင်လတွင် ၃၆ ဦးနှင့် ဇွန်လတွင် ၁၃ ဦး သေဆုံးခဲ့သည်။

အောက်တိုဘာ ၁၃ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီအထိ ၂၄ နာရီအတွင်း နိုင်ငံတွင် သေဆုံးသူ ကိုးဦးနှင့် သွေးလွန်တုပ်ကွေးကူးစက်မှု ၁၉၅၄ ဦး ထပ်မံဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ခြင်မှတစ်ဆင့်ကူးစက်သောရောဂါ ၄၃၇၇၄ ဦး ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁ ရက်မှ ၁၃ ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ၂၃၇၇၆  ဦး ထပ်မံဖြစ်ပွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးရောဂါသည် ဇွန်လမှ စက်တင်ဘာလအထိ ပုံမှန်ကာလထက် ကျော်လွန်ကာ ကူးစက်ပျံ့နှံ့လျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Tarique Rahman က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ကာကွယ်ရန်အတွက် ရပ်ကွက်များတွင် လော်စပီကာများ အသုံးပြု၍ လူထုအသိပညာပေးလှုပ်ရှားမှုများ ပြုလုပ်ရန် သက်ဆိုင်ရာအာဏာပိုင်များကို ညွှန်ကြားခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.