ဒေလီမြို့၌ အဆောက်အဦးပြိုကျမှုကြောင့် လူအများအပြားထိခိုက်ဒဏ်ရာရ
အောက်တိုဘာ ၈
အိန္ဒိယနိုင်ငံမြို့တော်ဒေလီ၏ ဆီမာပူရီဒေသတွင် ယမန်နေ့က ပြိုကျခဲ့သော အထပ်မြင့်အဆောက်အအုံ၏ အပျက်အစီးများအောက်တွင် လူအများအပြား ပိတ်မိနေဖွယ်ရှိကြောင်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ရှာဖွေရန် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး ဒဏ်ရာရရှိသူများကို ဒေသခံဆေးရုံတစ်ခုသို့ ပို့ဆောင်ထားသည်ဟု ဒေသခံရဲတပ်ဖွဲ့က ဆိုသည်။
အဆိုပါအဆောက်အအုံသည် နှစ်ပေါင်းငါးဆယ်နီးပါးသက်တမ်းရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments