ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျ ဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော် အောက်တိုဘာ ၁၈
နိုင်ငံတော် အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ် နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိ စေရန် အဆိုပါ အဆောက်အအုံများအား အပြီးတိုင် ဖြိုချဖျက်ဆီး ခြင်းများကို စနစ်တကျဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်း အတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် တရားမဝင် အဆောက်အအုံများ အနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးလျက်ရှိသည့် ၅ ထပ်အဆောက်အအုံ ၁ လုံးအား ဆက်လက် ဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ ၉၀ ရာခိုင်နှုန်း ဖြိုချ ဖျက်ဆီးပြီးဖြစ်ကြောင်း၊ ထပ်မံ၍ ၅ ထပ်အဆောက်အအုံ တစ်လုံးအား ဖြိုချဖျက်ဆီးမှုမှာ ယနေ့ အထိ ၁၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်း အတွင်းရှိ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၆၃ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၂၅ လုံး၊ ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၄ လုံးနှင့် လူနေအိမ်များနှင့် မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာ ချင်းဖြိုချဖျက်ဆီးမည့် အဆောက် အအုံ ၃၄ လုံး ဟူ၍ အဆောက်အအုံ အမျိုးအစားအလိုက် ခွဲခြား သတ်မှတ်ထားပြီး စနစ်တကျ ဖြိုချ ဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဖောက်ခွဲ၍ ဖြိုချမည့် အဆောက်အအုံ ၄ လုံးနှင့် ယာဉ်ယန္တရားများဖြင့် ဖြိုချ ဖျက်ဆီးမည့် အဆောက်အအုံများ အနက် ၁ လုံးတို့အား ဖြိုချဖျက်ဆီး ပြီးဖြစ်ကြောင်း၊ ဖြိုချဖျက်ဆီးရန် ကျန်ရှိသည့် အဆောက်အအုံ ၅၈ လုံးကိုလည်း ဆက်လက်၍ စနစ်တကျ ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော် အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ပပျောက် စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ အပြီးတိုင် လုံးဝ ပပျောက်သွားစေရေး အထူးအလေးထား နှိမ်နင်းလျက်ရှိကြောင်း သတင်းရရှိသည်။
၁၀၀
(%E1%80%95%E1%80%AF%E1%80%B6)%20%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%80%E1%80%AF%E1%80%80%E1%80%B9%E1%80%80%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%91%E1%80%95%E1%80%BA%E1%80%99%E1%80%B6%E1%80%96%E1%80%BB%E1%80%80%E1%80%BA%E1%80%86%E1%80%AE%E1%80%B8(%E1%81%81%E1%81%88-%E1%81%81%E1%81%80-%E1%81%82%E1%81%80%E1%81%82%E1%81%86).jpg)
(%E1%80%95%E1%80%AF%E1%80%B6)%20%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%80%E1%80%AF%E1%80%80%E1%80%B9%E1%80%80%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%91%E1%80%95%E1%80%BA%E1%80%99%E1%80%B6%E1%80%96%E1%80%BB%E1%80%80%E1%80%BA%E1%80%86%E1%80%AE%E1%80%B8(%E1%81%81%E1%81%88-%E1%81%81%E1%81%80-%E1%81%82%E1%81%80%E1%81%82%E1%81%86)-3.jpg)
No comments