ကန်ကြီးထောင့်မြို့နယ်၌ အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေ စတင်ထုတ်ပေး
ကန်ကြီးထောင့် အောက်တိုဘာ
၁၅
ဧရာဝတီတိုင်းဒေသကြီး၊
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား
လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း
သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို
အောက်တိုဘာ ၁၅ ရက်၊ ၁၆ ရက်၊ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် စုစုပေါင်း (၄) ရက်ကြာ သတ်မှတ်ထုတ်ပေးသွားမည်
ဖြစ်သည်။
ကန်ကြီးထောင့်မြို့နယ်တွင်
အသက် (၈၅) နှစ်အထက် ဘိုးဘွား စုစုပေါင်း (၆၀၈) ဦး ရှိရာ၊ ယနေ့ ပထမနေ့တွင် ဘိုးဘွား
(၁၅၀) ဦးအား စတင်ထုတ်ပေးခဲ့ပြီး ကျန်ရှိသည့် ဘိုးဘွားများကိုလည်း သတ်မှတ်ရက်များအတိုင်း
ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)

No comments