ဘရာဇီးနိုင်ငံ ရွေးကောက်ပွဲ၌ လက်ရှိသမ္မတ လူလာဒါဆေးလ်ဗားနှင့် သမ္မတဟောင်း ဘော်လ်ဆိုနာရို၏ သားအကြီးဆုံး ဖလာဗီယိုဘော်လ်ဆိုနာရိုတို့ အကြိတ်အနယ်ယှဉ်ပြိုင်လျက်ရှိ
ရီယိုဒီဂျနေးရိုး အောက်တိုဘာ ၄
ဘရာဇီးနိုင်ငံ၌ သမ္မတ
ရွေးကောက်ပွဲကျင်းပ လျက်ရှိရာ လက်ရှိသမ္မတ လူလာဒါဆေးလ်ဗားနှင့် သမ္မတဟောင်း ဘော်လ်ဆိုနာရို၏
သားအကြီးဆုံး ဖလာဗီယိုဘော်လ်ဆိုနာရိုတို့ အကြိတ်အနယ် ယှဉ်ပြိုင်လျက်ရှိသည်။
ရွေးကောက်ပွဲ ပထမအဆင့်ကို
အောက်တိုဘာ ၄ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့သည်။
လူလာဒါဆေးလ်ဗား၏ လက်ရှိသက်တမ်းမှာ
မကြာမီ ကုန်ဆုံးတော့မည်ဖြစ်သည်။
သမ္မတရာထူးအတွက် ကိုယ်စားလှယ်လောင်း
၁၃ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
မကြာသေးမီက ထုတ်ပြန်ခဲ့သော
လူထုသဘောထားစစ်တမ်းတစ်ခုအရ မေးမြန်းခံရသူများအနက် ၄၂ ရာခိုင်နှုန်းက လူလာဒါဆေးလ်ဗားကို
ထောက်ခံကြပြီး ၃၈ ရာခိုင်နှုန်းကမူ လက်ယာယိမ်းဝါဒီ ဖလာဗီ ယိုဘော်လ်ဆိုနာရိုကို ထောက်ခံကြောင်း
သိရသည်။
လူလာဒါဆေးလ်ဗားက လုပ်ခလစာကွာဟချက်များကို
ပြုပြင်ရန်နှင့် နိုင်ငံတကာအင်အားကြီးနိုင်ငံများအနေဖြင့် နိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စရပ်များတွင်
ဝင်ရောက်စွက်ဖက်ခွင့်မပြုဘဲ နိုင်ငံ၏ အချုပ်အခြာအာဏာ ထိန်းသိမ်းရန်တို့ကို ထောက်ခံအားပေးသူဖြစ်သည်။
ဖလာဗီယိုဘော်လ်ဆိုနာရိုက
အခွန်လျှော့ချရေးနှင့် လုံခြုံရေးဆိုင်ရာအစီအမံများ ပိုမိုအားကောင်းလာစေရေးတို့ကို တိုက်တွန်းလုပ်ဆောင်လျက်ရှိသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်ရန်
တောင်းဆိုထားသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့နှင့် ဘရာဇီးနိုင်ငံအနေဖြင့်
လိုက်လျောညီထွေ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ၎င်းက ဆန္ဒရှိသူဖြစ်သည်။
ထရမ့်အစိုးရအဖွဲ့က အနောက်ကမ္ဘာခြမ်းကို
ဦးစားပေးဆောင်ရွက်နေချိန်တွင် ကိုလံဘီယာနှင့် ပီရူးနိုင်ငံတို့၌ သမ္မတရွေးကောက်ပွဲ
အနိုင်ရရှိခဲ့ကြသည့် လက်ယာယိမ်းဝါဒီများသည် အမေရိကန်ပြည်ထောင်စုနှင့်ဆက်ဆံရေးကို ပိုမိုခိုင်မာအားကောင်းစေလျက်ရှိသည်။
အကယ်၍ ဘရာဇီးသမ္မတရွေးကောက်ပွဲတွင်
လက်ယာယိမ်း ကိုယ်စားလှယ်လောင်းတစ်ဦး အနိုင်ရရှိခဲ့ပါက တောင်အမေရိကဒေသအတွင်း ထရမ့်အစိုးရအဖွဲ့၏
သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်နိုင်ရန် အထောက်အကူပြုနိုင်ဖွယ်ရှိ သည်။
အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင်
မဲရုံများပိတ်သိမ်းပြီးသည်နှင့်တစ်ပြိုင်နက် မဲရေတွက်ခြင်းလုပ်ငန်းစဉ်ကို စတင်မည်ဖြစ်သည်။
ပထမအဆင့်တွင် ကိုယ်စားလှယ်လောင်းတစ်ဦးဦးက
မဲအများစုကို ရရှိခြင်းမရှိပါက မဲအများ ဆုံးရရှိထားသည့် ကိုယ်စားလှယ်လောင်း နှစ်ဦးအကြား
အဆုံးအဖြတ်ပေးမည့် ဒုတိယအဆင့်ရွေးကောက်ပွဲကို အောက်တိုဘာ ၂၅ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ

No comments