ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ချက်တွင် အာရှတက္ကသိုလ်သုံးခု ပထမဆုံးအကြိမ် ထိပ်ဆုံး ၁၅ ခုစာရင်း ဝင်ရောက်
လန်ဒန် စက်တင်ဘာ ၃၀
အာရှတက္ကသိုလ်သုံးခုသည် နောက်ဆုံးထုတ်ပြန်လိုက်သည့် ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ချက်တွင် ပထမဆုံးအကြိမ် ထိပ်ဆုံး ၁၅ ခုစာရင်းသို့
ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံထုတ် Times Higher
Education ဂျာနယ်က ၂၀၂၇ ခုနှစ်အတွက် ကမ္ဘာ့တက္ကသိုလ်များအဆင့်
သတ်မှတ်ချက်ကို စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုအဆင့်သတ်မှတ်ချက်များကို ပညာရေး
ပတ်ဝန်းကျင်၊ သုတေသနအရည်အသွေး၊ နိုင်ငံတကာသဘောထားအမြင်ကဲ့သို့သော
စံနှုန်းများအပေါ် အခြေခံ ၍
သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
ဗြိတိန်၏ အော့စဖို့ဒ်တက္ကသိုလ်က
၁၁ နှစ်ဆက်တိုက် ပထမနေရာတွင် ရပ်တည်နိုင်ခဲ့ပြီး ယင်းနောက်တွင် မက်ဆာ ချူးဆက်နည်းပညာတက္ကသိုလ်က
ဒုတိယ၊ ပရင်စတွန်တက္ကသိုလ်နှင့် စတန်းဖို့ဒ်တက္ကသိုလ်တို့က ပူးတွဲတတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ အဆိုပါတက္ကသိုလ်အားလုံးသည်
အမေရိကန်ပြည်ထောင်စုမှ ဖြစ်သည်။
ကမ္ဘာ့တက္ကသိုလ်များအဆင့်သတ်မှတ်ချက်
ထိပ်ဆုံး ၁၀ ခုစာရင်းတွင် ဗြိတိန်နှင့် အမေရိကန်တက္ကသိုလ်များက လွှမ်းမိုးထားသည်။ ဂျပန်နိုင်ငံမှ တိုကျိုတက္ကသိုလ်သည် အဆင့်
(၂၇)တွင် ရပ်တည်နေပြီး ကျိုတိုတက္ကသိုလ်က အဆင့်
(၆၂)တွင် ရပ်တည်နေသည်။ အဆိုပါတက္ကသိုလ်များသည် ယမန်နှစ်က အဆင့်သတ်မှတ်ချက်ထက် လျော့ကျခဲ့ကြောင်း သိရသည်။
အာရှတွင် အမြင့်ဆုံးရရှိသည့်
တက္ကသိုလ်မှာ အဆင့်(၁၁)တွင် ရပ်တည်နိုင်ခဲ့သည့်
တရုတ်နိုင်ငံမှ ချင်းဟွာတက္ကသိုလ်ဖြစ်သည်။ ထို့ပြင်
တရုတ်နိုင်ငံမှ
ပီကင်းတက္ကသိုလ်သည် အဆင့်(၁၃)တွင် ရပ်တည်နိုင်ခဲ့ပြီး စင်ကာပူအမျိုးသား တက္ကသိုလ်က အဆင့် (၁၅) တွင် ရပ်တည်နိုင်ခဲ့သည်။
အင်န်အိတ်ချ်ကေ

No comments