၂၀၂၆ ခုနှစ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက် (၂၅)နှစ်အောက် (အမျိုးသား) ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
မန္တလေး အောက်တိုဘာ
၁၃
၂၀၂၆ ခုနှစ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား
ခရိုင်ပေါင်းစုံအသက်(၂၅) နှစ်အောက် (အမျိုးသား) ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်
ပိုင်းကချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိ အားကစားကွင်း Multipurpose Stadium ၌ကျင်းပသည်။
ဖွင့်ပွဲ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က
အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၆ ခုနှစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ
အသက် (၂၅) နှစ်အောက် (အမျိုးသား) ဖူဆယ်ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ခရိုင် (၁၁)ခုမှ အားကစားအဖွဲ့များသို့ အားကစားပစ္စည်းများပေးအပ်ပြီး အောင်မြေသာစံခရိုင်အသင်းနှင့်
အမရပူရခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြရာ အောင်မြေသာစံခရိုင်အသင်းက
အမရပူရခရိုင်အသင်းကို (၃)ဂိုး-(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲများကို အောက်တိုဘာ
၂၀ ရက် အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့
နေအိမ်များမှစတင်စို့ “( Resilience Starts atHome)” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ၂၀၂၆
ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို
ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌
ကျင်းပသည်။
ဉီးစွာ မန္တလေးတိုင်းဒေသကြီး
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချပ ဦးမျိုးအောင်
က အဖွင့်အမှာစကားပြောကြားပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဘာဝဘေးအန္တရာယ်ကြောင့်
ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် UNDRR၏ အကြီးအကဲ
Mr.Karmal Kishore ၏ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အတွက်
ပြောကြားသည့်သဝဏ်လွှာ ရုပ်သံနှင့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ
လျှော့ချရေးနေ့အထိမ်းအမှတ် မှတ်တမ်း Video Clip တို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments