ဧရာဝတီတိုင်းဒေသကြီး သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး
ပုသိမ် အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦး ဦးဆောင်၍ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ ပါဝင်သော ဆုစိစစ်ရွေးချယ်ရေးအဖွဲ့သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု ဝင်ရောက်ယှဉ်ပြိုင်ထားသည့် ကျောင်းများအား သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု စိစစ်ရွေးချယ်ခြင်းဆိုင်ရာ အခြေခံစံနှုန်း၊ အညွှန်းကိန်းများနှင့်အညီ အောက်တိုဘာ ၆ ရက်တွင် ပထမအကြိမ် ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်သည်။
အဆိုပါကျောင်းများသို့ စစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦး က ဆရာ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဖြစ်လာစေရေး ပူးပေါင်းအကောင်ထည်ဖော် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)

No comments