ကိုလံဘီယာနိုင်ငံ ရွှေတွင်းမြေပြိုမှုကြောင့် သေဆုံးသူ ၁၄ ဦးအထိ မြင့်တက်လာ
ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း နာရီညိုခရိုင် Santa Barbara de Iscuande မြို့နယ်၏ ကျေးလက်ဒေသတစ်ခုတွင် ယမန်နေ့က ရွှေတွင်းတစ်တွင်း မြေပြိုမှုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ ၁၄ ဦးအထိ မြင့်တက်လာခဲ့သည်ဟု ဒေသခံအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီးနောက် ယမန်နေ့နံနက်ပိုင်းက လူခုနစ်ဦး ဒဏ်ရာရရှိခဲ့သည့် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။
ကိုလံဘီယာနိုင်ငံ၏ကျေးလက်ဒေသများတွင် တရားဝင်စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်ခြင်းမရှိသော သတ္တုတူးဖော်ရေးလုပ်ငန်းများ မကြာခဏတွေ့ရလေ့ရှိသည်။ ဩဂုတ်လအတွင်းကလည်း နာရီညိုပြည်နယ်ရှိ ပိုလီကာပါမြို့တွင် အလားတူ သတ္တုတွင်း မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ အလုပ်သမား ၁၃ ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments