ရေနံဈေးနှုန်းများ မြင့်တက်လာမှုကြောင့် စင်ကာပူ၏ သွင်းကုန်နှင့် ပို့ကုန်ဈေးနှုန်းများ မြင့်တက်လာ
အောက်တိုဘာ ၂၉
စင်ကာပူနိုင်ငံ၏ သွင်းကုန်နှင့် ပို့ကုန်ဈေးနှုန်းများသည် စက်တင်ဘာလတွင် ပိုမိုမြန်ဆန်သောနှုန်းဖြင့် မြင့်တက်လာခဲ့ရာ အဓိကအားဖြင့် ရေနံနှင့် ရေနံထွက်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု ယနေ့ဖော်ပြထားသည်။
သွင်းကုန်ဈေးနှုန်းညွှန်းကိန်း (IPI) သည် သြဂုတ်လတွင် ၁ ဒသမ ၆ ရာခိုင်နှုန်းမှ မြင့်တက်ကာ စက်တင်ဘာလတွင် လအလိုက် ၄ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာကာ တတိယမြောက် ဆက်တိုက်လအလိုက်တိုးတက်မှုဖြစ်ကြောင်း စာရင်းအင်းဌာနက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
ဩဂုတ်လတွင် ၄ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာမှုနှင့် နှိုင်းယှဉ်ပါက ရေနံအညွှန်းကိန်းသည် ၁၆ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ရေနံမဟုတ်သော ကုန်ပစ္စည်းများ၏ ဈေးနှုန်းညွှန်းကိန်း ၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရသည်။
နှစ်စဉ် အိုင်ပီအိုင်သည် သြဂုတ်လတွင် ၁၅ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၉ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ရေနံအညွှန်းကိန်းသည် ၇၈ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ရေနံမဟုတ်သော ကုန်ပစ္စည်းများ၏ ဈေးနှုန်းညွှန်းကိန်း ၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
ပို့ကုန်ဈေးနှုန်းညွှန်းကိန်း အီးပီအိုင်သည် သြဂုတ်လတွင် ၁ ဒသမ ၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက လအလိုက် ၃ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ၎င်း၏ ရေနံအညွှန်းကိန်းသည် ၁၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ရေနံမဟုတ်သော ကုန်ပစ္စည်းများ၏ ဈေးနှုန်းညွှန်းကိန်း ၀ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
နှစ်အလိုက် အီးပီအိုင်သည် သြဂုတ်လတွင် ၁၅ ဒသမ၂ ရာခိုင်နှုန်းမှ ၁၉ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ရေနံအညွှန်းကိန်းသည် ၆၉ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာပြီး ရေနံမဟုတ်သော ကုန်ပစ္စည်းများ၏ဈေးနှုန်းညွှန်းကိန်း ၈ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
ရေနံမဟုတ်သော ကုန်ပစ္စည်းများ၏ ဈေးနှုန်းညွှန်းကိန်းများ မြင့်တက်လာခြင်းသည် အဓိကအားဖြင့် အီလက်ထရွန်နစ် ပေါင်းစည်းဆားကစ်များအပါအဝင် လျှပ်စစ်စက်ပစ္စည်း ကိရိယာများ၏ ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း သက်ဆိုင်ရာဌာနက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments