M-League ယူ-၂၀ လူငယ်လိဂ်တွင် မြဝတီနှင့် ဟံသာဝတီယူနိုက်တက် သရေကျ

 


ရန်ကုန်   အောက်တိုဘာ   ၈

2026  M-League  ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ   ပွဲစဉ် (၁၈)တတိယနေ့ကို အောက်တိုဘာ  ၈ ရက်က ဗဟန်း မြက်ခင်းတုကွင်း၌ ဆက်လက်ကျင်းပရာ မြဝတီအသင်းနှင့်  ဟံသာဝတီယူနိုက်တက်အသင်း တစ်ဂိုးစီသရေကျခဲ့သည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် တစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်သော်လည်း  ဒုတိယပိုင်းတွင် ပေးလိုက်ရသည့်  ချေပဂိုးကြောင့် သရေတစ်မှတ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ ဟံသာဝတီယူနိုက်တက်အသင်းအတွက်   ဦးဆောင်ဂိုးကို ၁၈ မိနစ်တွင် သူရညီညီက သွင်းယူပြီး မြဝတီအသင်းအတွက် ချေပဂိုးကို ၅၅ မိနစ်တွင် ချစ်မင်းကိုကိုက သွင်းယူသည်။  ဟံသာဝတီအသင်းသည်  ပထမအကျော့တွင် အနိုင်ကစားနိုင်သော်လည်း ဒုတိယအကျော့တွင်  သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ပွဲစဉ် (၁၈) နောက်ဆုံးနေ့ကို အောက်တိုဘာ  ၁၀  ရက်  ဗဟန်းကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး  ရန်ကုန်စီးတီးအသင်းနှင့် Galaxy အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ML

No comments

Powered by Blogger.