MAI လေကြောင်းလိုင်း ခရီးသည်များအတွက် Checked Baggage သယ်ဆောင်ခွင့် အပြောင်းအလဲကို နိုဝင်ဘာ ၁ ရက်တွင် စတင်မည်



ရန်ကုန် အောက်တိုဘာ ၃၀

 

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) က ခရီးသည်များ အဆင်ပြေချောမွေ့ပြီး လုံခြုံစိတ်ချရသောခရီးစဉ်များ ဖြစ်စေရန်အတွက် နိုဝင်ဘာ ၁ ရက်မှစတင်၍ ခရီးဆောင်အိတ် (Checked Baggage) သယ်ဆောင်ခွင့်ဆိုင်ရာ စည်းမျဉ်းသစ်များကို စတင်ကျင့်သုံးတော့ မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

 

သယ်ယူခွင့်ရရှိမည်

 

ယင်းစည်းမျဉ်းသစ်အရ ခရီးသည်များ၏ခရီးစဉ် အတန်းအစားအလိုက် အိတ်သယ်ယူခွင့်ကို သတ်မှတ်ထားပြီး Economy Class (20kg) လက်မှတ်ဖြင့် ခရီးသွားသူများအနေဖြင့် အိတ်တစ်လုံး၊ Economy Class (30kg) လက်မှတ်ဖြင့် ခရီးသွားသူများအနေဖြင့် အိတ်နှစ်လုံးအထိနှင့် Business Class (40 kg) လက်မှတ်ဖြင့် ခရီးသွားသူများအနေဖြင့် အိတ်နှစ်လုံးအထိ သယ်ယူခွင့်ရရှိမည်ဖြစ်သည်။

 

ထို့ပြင် ခရီးသည်အားလုံး၏ ဘေးကင်းလုံခြုံရေးနှင့် လေကြောင်းဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိသည့်အပြင် သံသယဖြစ်ဖွယ်ရှိသော Checked Baggage များကိုလည်း လက်ခံသယ်ဆောင်ပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

သို့ဖြစ်ရာ MAI လေကြောင်းလိုင်းနှင့် ခရီးသွားမည့်သူများအနေဖြင့် နိုဝင်ဘာ ၁ ရက်မှ စတင်ကျင့်သုံးမည့် အိတ်သယ်ယူခွင့် စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ မိမိတို့ဝယ်ယူထားသည့် လက်မှတ်အမျိုးအစားအလိုက် ခွင့်ပြုချက်များကို ကြိုတင်စုံစမ်းစစ်ဆေးထားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

 

ကိုထက်

 

No comments

Powered by Blogger.