POSCO International Corporation  က ပေ ၄၀ အရှည် Fiber စက်လှေသုံးစင်း ပေးအပ်လှူဒါန်း




ရန်ကုန် အောက်တိုဘာ ၂၃


POSCO International Corporation မှ ပေ ၄၀ အရှည် Fiber စက်လှေသုံးစင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


လှူဒါန်းပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ကျေးဇူးတင်စကားပြောကြားပြီး တာဝန်ရှိသူများက စက်လှေများ လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းသည်။


ဆက်လက်၍ POSCO International Corporation မှ တာဝန် ရှိသူက တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးထံ စက်လှေ များ လွှဲပြောင်းပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ စက်လှေများကို ကြည့်ရှုကြကြောင်း သိရသည်။


ဇွဲထက်ကို(ပြန်/ဆက်)

No comments

Powered by Blogger.