Space X ၏ Starship အာကာသယာဉ် ပထမဆုံးအကြိမ် ကမ္ဘာကိုလှည့်ပတ်
တက္ကဆက် စက်တင်ဘာ ၃၀
Space X ကုမ္ပဏီသည် ၎င်းတို့၏ အာကာသယာဉ်ကို ကမ္ဘာပတ်လမ်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။
အဆိုပါကုမ္ပဏီသည် အမေရိကန် အာကာသအေဂျင်စီ နာဆာ၏ အပြည်ပြည်ဆိုင်ရာ လစူးစမ်းရေးအစီအစဉ်အရ အာကာသယာဉ်မှူးများကို သယ်ဆောင်နိုင်မည့်
လဆင်းယာဉ်ထုတ်လုပ်ရန် ကြိုးပမ်းနေကြသည်။ Artemis အစီအစဉ်သည် ၂၀၂၈ ခုနှစ် အရောက်တွင် အာကာသယာဉ်မှူးများကို လမျက်နှာပြင်သို့ ပို့ဆောင်နိုင်ရန် ရည်ရွယ်ထားသည်။
Space X ကုမ္ပဏီသည်လည်း အဆိုပါ ရည်ရွယ်ချက်ဖြင့် Starship လွှတ်တင်ရေးအစီအစဉ်များကို တိုးတက်အောင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ယခုတစ်ကြိမ်တွင် လူလိုက်ပါခြင်းမရှိသည့် Starship အာကာသယာဉ်ကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် လွှတ်တင်ရေးစင်တာမှ စက်တင်ဘာ ၂၈
ရက်တွင် လွှတ်တင်ခဲ့သည်။
အဆိုပါ အာကာသယာဉ်သည် ၁၂၀ မီတာ ရှည်လျားသည်။ ပျံတက်နေစဉ် အာကာသယာဉ်၏ အင်ဂျင် တစ်လုံး ရပ်တန့်သွားခဲ့သည်။ မူလက ၁၀ နာရီ
ကြာလှည့်ပတ်ရန် စီစဉ်ထားသော်လည်း အင်ဂျင်ပြဿနာကြောင့် မစ်ရှင်ကြာချိန်ကို သုံးနာရီစော၍
အဆုံးသတ်ခဲ့ရသည်။ အဆိုပါပြဿနာသည် ကုမ္ပဏီ၏ အနာဂတ်လွှတ်တင်ရေး အစီအစဉ်များတွင် ဖြေရှင်းရမည့်စိန်ခေါ်မှုအဖြစ် ရှိနေဆဲဖြစ်သည်။
Space X နှင့် Blue
Origin ကုမ္ပဏီတို့သည် Artemis အစီအစဉ်အရ လဆင်းယာဉ်များ ဖွံ့ဖြိုးတိုးတက်ရန်
ကြိုးပမ်းနေကြသည်။
အင်န်အိတ်ချ်ကေ

No comments