အာဆီယံကလပ်ချန်ပီယံရှစ် အုပ်စု (B) အဖွင့်ပွဲစဉ်တွင် အင်ဒိုနီးရှားကလပ်နှင့် ရှမ်းယူနိုက်တက် ယှဉ်ပြိုင်မည်
ရန်ကုန် နိုဝင်ဘာ
၁၈
အာဆီယံကလပ်ချန်ပီယံရှစ်
ACC Shopee Cup 2026-2027 ပြိုင်ပွဲ၏ အုပ်စု (B) အဖွင့်ပွဲစဉ်အဖြစ် မြန်မာကိုယ်စားပြု
ရှမ်းယူနိုက်တက်အသင်းသည် နိုဝင်ဘာ ၁၉ ရက် ညနေ ၆ နာရီခွဲတွင် အင်ဒိုနီးရှားကလပ်
Persib Bandung အသင်းနှင့် အဝေးကွင်းဖြစ်သည့် Gelora Bandung Lautan Api ကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
လာအိုကလပ် Ezra
အသင်းကို Play-off တွင် ပယ်နယ်တီဖြင့် အနိုင်ယူတက်ရောက်လာသည့် ရှမ်းယူနိုက်တက်သည် အုပ်စု
(B) ၌ မလေးရှားကလပ် Johor Darul Ta'zim ၊ အင်ဒိုနီးရှားကလပ် Persib Bandung ၊ ဗီယက်နမ်ကလပ်
Cong An Ha Noi ၊ စင်ကာပူကလပ် Lion City Sailors ၊ ထိုင်းကလပ် Port နှင့် ကမ္ဘောဒီးယားကလပ်
PKR Svay Rieng တို့နှင့် ကျရောက်နေသည်။
ယခုပွဲစဉ်သည် ရှမ်းယူနိုက်တက်အတွက်
အုပ်စုပထမပွဲဖြစ်ပြီး ပြိုင်ဘက် Persib Bandung သည် အဖွင့်ပွဲတွင် ထိုင်းကလပ် Port
ကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရထားသည်။ ACC Shopee Cup 2026-2027 အုပ်စုအဆင့်ကို
အသင်းခုနစ်သင်းစီပါဝင်သည့် အုပ်စုနှစ်စုခွဲ၍ ကျင်းပနေခြင်းဖြစ်ပြီး အုပ်စုတစ်ခုစီမှ
ထိပ်ဆုံးလေးသင်းစီသည် ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-SUFC

No comments